အငယ်ဆုံးသားသမီးတွေ အရွယ်ရောက်လာတဲ့အခါ ရှိတတ်တဲ့စရိုက်လက္ခဏာများ

မိသားစုထဲက အငယ်ဆုံးသားသမီးတွေကို အငယ်ဆုံးမို့ ဆိုးတယ်လို့လည်း ပြောစမှတ်တွေရှိကြပေမယ့် တကယ်တော့ သူတို့မှာ ထူးခြားမှုတွေလည်းရှိပါတယ်။ အရှေ့က အကြီးတွေနောက်မှ မွေးလာတာကြောင့် အမြဲကိုယ်တစ်ဦးတည်းဆိုတဲ့ ခံစားချက်မျိုးလည်း မထားတတ်ကြတာကြောင့် အငယ်ဆုံးတွေမှာ တစ်ကိုယ်ကောင်းဆန်မှုဆိုတာလည်း လုံးဝမရှိပါဘူး။

အငယ်ဆုံးတွေ အသက် (၂၀)ကျော်လာတဲ့အခါ သူတို့မှာ ထင်ရှားလာတဲ့ တူညီတဲ့ စရိုက်လက္ခဏာလေးတွေ ရှိကြပါတယ်။ သိချင်ရင် အောက်မှာ ကြည့်လိုက်ကြရအောင်နော်……။

(၁) အဖော်မင်ပေမယ့် တစ်ယောက်တည်းဆိုလည်းဖြစ်တယ်”

တစ်ခုခုအစီအစဉ်ရှိလို့ မပျက်မကွက်လာတတ်တဲ့သူဆိုရင် ကြည့်လိုက်ပါ။ အငယ်ဆုံးတွေပါပဲ။ သူတို့ဟာ တစ်စုံတစ်ယောက်အပေါ်အလေးထားမှုကို ကိုယ်တိုင်လာရောက်ခြင်းနဲ့ ပြသကြပါတယ်။

ဒါပေမယ့် သူတို့တစ်ခုခုလုပ်ဖို့ သွားဖို့ အဖော်မရှိတဲ့အခါလည်း ဘာမှမဖြစ်ပါဘူး။ တစ်ယောက်တည်းလည်း အိုကေပါတယ်…။

(၂) သူတို့ကို ငယ်တယ်လို့ပဲ လူတွေကိုမြင်စေချင်တယ်”

အငယ်ဆုံးတွေဟာ အရှေ့က အကြီးတွေ အသက် (၃၀)တွေကျော်သွားတာ မြင်ပြီးဖြစ်တာကြောင့် သူတို့လည်း အရွယ်ရောက်လာဖို့ သိပ်မတုန်လှုပ်ကြတော့ပါဘူး။

မိသားစုထဲမှာ ကိုယ့်ထက်ငယ်တဲ့လူမရှိတာကြောင့် ကလေးလိုဖြစ်နေတဲ့သူတို့ဟာ အရွယ်တိုင်းကို ပေါ့ပါးနုပျိုစွာ ဖြတ်သန်း ကြပါတယ်…။

(၃) ကိုယ့်ထက်အသက်ကြီးသူတွေနဲ့ ပိုပေါင်းသင်းဖြစ်တယ်”

ငယ်စဉ်ကတည်းက ကိုယ့်ထက်အကြီးတွေနဲ့ပဲ နေလာရတဲ့သူတို့ဟာ အရွယ်ရောက်လာပြီးနောက်မှာလည်း ကိုယ့်ထက်ကြီးသူတွေကိုပဲ ခင်တွယ်တတ်ကြပါတယ်။ သူတို့ထက် အနည်းငယ်ဖြစ်ဖြစ် အသက်ကြီးသူတွေနဲ့ ပိုအဆင်ပြေတတ်ကြပြီး အတွင်းစိတ်ကိုက အဲဒီ့လိုဖြစ်အောင် အလိုလိုတိမ်းညွတ်နေတာပါ…။

(၄) စည်းမျဉ်းတွေကို သိပ်ဂရုမစိုက်တတ်ဘူး”

အငယ်ဆုံးတွေဆိုတာ “ဘယ်သူမှ ငါ့ကို အနီးကပ်စောင့်ကြည့်မနေနိုင်ဘူး”ဆိုတဲ့ စိတ်နဲ့ ကြီးပြင်းလာကြတာပါ။ သူတို့အရွယ်ရောက်လာတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်လိုလှည့်ပတ်ရမလဲဆိုတာ အလိုလိုသိနေကြပါတယ်။ ဘယ်လိုအမှုမှာဖြစ်ဖြစ် ရတဲ့နည်းတဲ့ အပြစ်ကင်းအောင် နေတတ်ကြပါတယ်…။

(၅) မဝတ်တတ် မစားတတ်တွေ….

အငယ်ဆုံးတွေဟာ အရုပ်ပဲဖြစ်ဖြစ် အဝတ်အစားပဲဖြစ်ဖြစ် အကြီးတွေဆီက ရခဲ့ကြတာများလို့ ကိုယ်တိုင်ဂရုတစိုက် ဆင်ယင်တတ်တယ်ဆိုတာ မရှိတတ်ကြပါဘူး။

သူတို့အရွယ်ရောက်လာတဲ့အခါ ပုံတုံးကြီးတွေဖြစ်ရင်ဖြစ် ဒါမှမဟုတ် ရှာသမျှပိုက်ဆံက ဖက်ရှင်အဝတ်အစားဘက်ပဲ ရောက်သွားအထိ အရမ်းစတိုင်ထုတ်ရင်ထုတ် ဒီအစွန်း (၂)မျိုးထဲက တစ်မျိုးဖြစ်သွားကြပါတယ်…။

(၆) အချစ်ရေးကိစ္စတွေကို ကောင်းကောင်းမထိန်းတတ်ကြဘူး”

အငယ်ဆုံးတွေဟာ တစ်စုံတစ်ယောက်ရဲ့ ဦးစားပေးနံပါတ်တစ်ဖြစ်ဖို့ မမျှော်လင့်တတ်ကြပါဘူး။ သူတို့လည်း သူတို့နေချင်တဲ့အတိုင်း နေသလို သူ့တို့ချစ်သူကိုလည်း ထိုနည်းတူနေစေချင်ကြပါတယ်။

ချစ်သူက နာရီပေါင်းများစွာ စာမပို့ဘဲ နေတယ်ဆိုရင်တောင် သူတို့အတွက် ဘာမှမဖြစ်ပါဘူး။ သူတို့က အစ်ကိုတွေ အစ်မတွေနဲ့လည်း အကြာကြီး မခေါ်မပြောဘဲ နေဖူးတာ အသားကျနေကြလို့ပါနော်…။

Credit to original writer