လက်သန်းလေးက သိနိုင်တဲ့ သင့်ရဲ့ စိတ်နေစိတ်ထား

လက်သန်းလေးက သိနိုင်တဲ့ သင့်ရဲ့ စိတ်နေစိတ်ထား

သင့်ရဲ့လက်သန်းပုံစံက ဖော်ပြနေသော သင့်အကြောင်းများ

လူတစ်ယောက်ရဲ့လက်ဖဝါးက သူ့ဘဝ အကြောင်းတွေနဲ့ များစွာ ပတ်သက်နေလေ့ ရှိတယ်လို့ ခေတ်အဆက်ဆက် ပညာရှင်တွေက ယုံကြည် ခဲ့ကြပါတယ်။

ကျွန်တော်တို့ဆီမှာလည်း လက္ခဏာ ပညာရပ်က ထင်ရှားတဲ့ ပညာ တစ်ခု ဖြစ်ပါတယ်။

ဒီတော့ သင့်လက်က ဘယ်အမျိုးအစား ထဲမှာ ပါမလဲ ဆိုတာ ကြည့်ပြီးရင် အဖြေတွေကို တစ်ပုံချင်းစီမှာ ဖတ်ကြည့် လိုက်ပါ

မြိုသိပ်လွန်းသူ

(A) ပုံနဲ့ တူတယ်ဆိုရင်တော့

သင်ဟာ သင့်ရင်ထဲက ခံစားချက်တွေကို လူတွေ မသိအောင် ဟန်ဆောင် ဖုံးကွယ် ထားချင်သူတစ်ယောက်ဖြစ် တယ်။

လူတွေက သင့်ကို အားငယ် တတ်သူ တစ်ယောက်လို့ ထင်မှာကို စိုးရိမ်နေတယ်။ ပွင့်လင်းသူ တစ်ယောက် မဟုတ်ဘူး။

လူတွေအပေါ်မှာ သံသယများ တတ်ပြီး လွယ်လွယ်နဲ့ မယုံတတ် ပါဘူး။ ဒါပေမဲ့ အတန်သင့် ရင်းနှီးသွားရင်လည်း အလွန်ယုံကြည် သွားပြီး ရင်တွင်း ခံစားချက်တွေကို ဖွင့်ဟတတ်သူ တစ်ယောက် ဖြစ်တယ်။

စိတ်ထားကောင်းပြီး အခြားသူတွေကို အကူအညီပေး တတ်သူဖြစ်တယ်။ တာဝန်တစ်ခုခု ပေးအပ်ထားတဲ့အခါ သင်မကြိုက်ဘူး ဆိုရင်တောင်မှ ပြီးမြောက်အောင် လုပ်ကိုင်ပေးတတ်သူ တစ်ယောက် ဖြစ်တယ်။

အချစ်ကြီးသူ

(B) ပုံနဲ့ တူတယ်ဆိုရင်တော့

သင်ဟာ အလွန်အကောင်း ကြိုက်တတ် သူဖြစ်တယ်။ အလွန် ရှက်တတ်သူ တစ်ယောက်လည်းဖြစ်တယ်။

လူတစ်ယောက် ဘယ်တော့မှ ကိုယ့်ဘက်က အရင် စမိတ်မဆက်ဘူး ဆိုတဲ့ လူစားမျိုးဖြစ်တယ်။ အချစ်ရေးမှာတော့ အချစ်ကြီးတတ်သူတွေ ဖြစ်ကြတယ်

လူတစ်ယောက်နဲ့ ချစ်မိပြီဆိုရင် ချစ်သူအနားက မခွာတမ်း ကပ်နေတတ်သူတွေ ဖြစ်တယ်။ အတွင်းစိတ်ကတော့ အလွန်စိတ်ဆိုး စိတ်ကောက် လွယ်တတ်တယ်။

နာကျင် ခံစားရမှာကို ကြောက်တတ်တယ်။ အလုပ်တစ်ခုကို စလုပ်မိ ရင်လည်း ဆုံးခန်းတိုင်အောင် လုပ်ကိုင်လေ့ရှိသူ ဖြစ်တယ်။

အပြင်မှာတော့ ဘယ်သူ့ကိုမှ မလိုအပ်ဘူး ပြောနေပေမယ့် စိတ်ထဲမှာတော့ အပေါင်းအဖော် လိုအပ်နေသူ ဖြစ်တယ်။

ခွင့်လွှတ်လွယ်သူ

(C) ပုံနဲ့ တူတယ်ဆိုရင်တော့

သင်ဟာ အလွန်ခွင့်လွှတ် လွယ်တတ်သူ ဖြစ်တယ်။ စိတ်နာစရာ ကိစ္စတွေကို ကြာကြာဖက်တွယ်မထား တတ်ဘဲ မေ့ပျောက် လွယ်တယ်။

တစ်ခုခု အခက်အခဲ ရှိရင် ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တစ်ယောက်ထဲ ကျိတ်ဖြေရှင်းတတ်တယ်။

ပတ်ဝန်းကျင် (သို့) အလုပ် (သို့) တစ်ခုခု အသစ်တွေနဲ့ ကြုံရလုပ်ရတိုင်း စိုးရိမ်လေ့ရှိတယ်။

တခြားလူတွေရဲ့ ကိုယ်ပိုင်အမြင်တွေကို တန်ဖိုး ထားတတ်တယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးမှု မြင့်မားတာကြောင့် တစ်ခါတစ်လေမှာ အထက်စီး ဆန်ဆန် ပြောဆို မိလေ့ရှိတယ်။

ပွင့်လင်းတဲ့ စိတ်ထားရှိသူ တစ်ယောက်ဖြစ် တယ်။ ကိုယ်က တခြားသူတွေ အပေါ် စေတနာထားသလို ကိုယ့်ကိုလည်း ပြန်ပြီး စေတနာထားကြဖို့ မျှော်လင့်ပေမယ့် အမြဲတမ်း လွဲတတ်လေ့ ရှိပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။ Photo Credit to Owners