အရမ်းလှူချင်နေတာကြောင့် သူမပိုင်ဆိုင်တဲ့ရွှေတုံးကိုရောင်းချခိုင်းပြီး ရသလောက်အကုန်လုံး ရက်ရက်ရောရောလှူဒါန်းလိုက်တဲ့ စေတနာရှင်အန်တီကြီး

အရမ်းလှူချင်နေတာကြောင့် သူမပိုင်ဆိုင်တဲ့ရွှေတုံးကိုရောင်းချခိုင်းပြီး ရသလောက်အကုန်လုံး ရက်ရက်ရောရောလှူဒါန်းလိုက်တဲ့ စေတနာရှင်အန်တီကြီး

ပရဟိတအဖွဲ့အစည်းတွေအဆင်ပြေပြေလည်ပတ်နိုင်ဖို့အတွက်အလှူရှင်တွေရဲ့အင်အားကလည်း

အရမ်းအရေးကြီးပါတယ်ဒါ့ကြောင့်တချို့ပြည်သူတွေဆိုရင်မိမိတို့တတ်နိုင်သလောက်၅၀၀၊

၁ဝဝဝမှစတင်ပြီး အလှူငွေတွေထည့်ဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်

ကိုဗစ်တတိယလှိုင်းအတွက်လည်းပြည်သူတွေကတစ်တပ်တစ်အားလှူဒါန်းကြသလိုကိုယ်ကျိုးစွန့်

အနစ်နာခံပြီးတောထဲရောက်နေတဲ့ PDFတွေကိုလည်း ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်

ပြည်သူတွေကဒီလိုကာလမှာစီးပွါးရှာဖို့ကြပ်တည်းနေတာတောင်သဒ္ဓါတရားထက်သန်ပြီးမိမိတို့

မှာရှိတာလေးတွေကိုခွဲဝေပေးနေကြတာဖြစ်ပါတယ်Clean Yangon အဖွဲ့လေးကလည်းပြည်သူတွေရဲ့အလှူ

ငွေနဲ့နေရာအနှံ့အပြားကိုသွားရောက်ပြီးပရဟိတအလုပ်တွေဆောင်ရွက်နေကြတာဖြစ်ပါတယ်

စေတနာရှင်အန်တီကြီးတစ်ယောက်ဆိုရင် Clean Yangon အဖွဲ့ကလူငယ်လေးတွေရဲ့ ကြိုးစား

ကူညီပေးနေမှုကို အသိအမှတ်ပြုပြီး အရမ်းလှူပေးချင်နေတာဖြစ်ပါတယ်

သူမကနေရာမျိုးစုံအတွက်တတ်နိုင်သလောက်လှူနေတာဖြစ်လို့လက်ထဲမှာငွေသားသိပ်မကျန်

တော့တာကြောင့်ရွှေတုံးတစ်တုံး ရောင်းခိုင်းလိုက်တာဖြစ်ပါတယ်အခေါက်ရွှေတစ်တုံးရောင်းလို့ရလာတဲ့ပိုက်ဆံတွေအကုန်လုံးကိုလည်

Clean Yangonအဖွဲ့ကိုရက်ရက်ရောရောလှူဒါန်းခဲ့တာဖြစ်ပါတယ်။စေတနာအရမ်းကောင်းပြီး

သဒ္ဓါတရားပြည့်ဝတဲ့အန်တီကြီးရဲ့စိတ်ဓာတ်ကလေးစားစရာကောင်းပါတယ်ဒါ့ကြောင့်ပြည်သူ

အားလုံးလည်းအန်တီကြီးရဲ့အလှူဒါနကို ပီတိပွါးများရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder