
တုပ်ကွေးရာသီအတွက် အခိုးပွင့်စေမယ့် အိမ်တွင်းဆေးစွမ်း တလက်
ပါဝင် ပစ္စည်း
ကြက်သွန်နီ – ၂ လုံး
ကြက်သွန်ဖြူ – ၁ လုံး
သံပုရာသီး – ၂ လုံး
ဂျင်း – ၂ တက်
ရှောက်ရွက်(သို့) သံပုရာရွက် – ၁၀ ရွက် ၁၅ ရွက်ခန့် အားလုံးကို အိုးတခုမှာ ရောပြီး အိုးထဲ ရေတဝက်ကျော် ထည့်ပြီးပြုတ်ပေးလိုက်
ပါ။ပွတ်ပွတ် ဆူလာတဲ့အခါအိုးကို ညီတဲ့နေရာမှာချ ဒူးထောင် ထိုင်ပြီး ၁၀ မိနစ်ခန့် စောင် ကို ခေါင်း မှ ခြေထိတကိုယ်လုံး ခြုံထားပါ။
မသုံးတဲ့ အိုးကို ခြေခွထိုင်ပီး လုပ်ရင် ပိုကောင်းပါသည်။
ချွေးတွေ တစ်ကိုယ်လုံး ရေလောင်းထားသလို ချွေးထွက်လာကြပါမယ်။
တော်တော်ကို နေလို့ကောင်းသွားတယ်။ ညောင်းညာ ကိုက်ခဲတာတွေ သက်သာပြီး အဖျားပါကျပါတယ်။
မသွန်ပစ်ပဲ ၅ ခါ ၆ ခါ လုပ်လို့ ရပါတယ်။ ပြီးရင် Royal D လေး တစ်ထုပ်လောက် သောက်ပါ
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners