ကမ္ဘာ့ အလှဆုံး အမျိုးသမီး” ဆိုပြီး ခေါင်းစဉ် တပ်ခံရတဲ့ ငယ်စဥ် ကပင် လှပ လွန်း သူ လေး

Thylane Blondeau အမည်ရှိ မိန်းကလေးတစ်ဦးဟာ အသက် ၆ နှစ်အရွယ်မှာကတည်းက သူမဟာ “ ကမ္ဘာ့အလှဆုံးမိန်းကလေး” ဆိုတဲ့ ခေါင်းစဉ်ဖြင့် အနိုင်ရခဲ့တာပါ ။

ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ယခုအသက် ၁၇ နှစ်အရွယ်မှာလည်း “ ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီး” ဆိုတဲ့ ခေါင်းစဉ်ကို ရရှိခဲ့ပြီး ကျွန်ုပ်တို့ တကယ်အံ့သြသွားခဲ့ကြပါတယ် ။

လူအများက သူမရဲ့ အလှကို “ethereal” လို့ခေါ်ကြပြီး သူမကို Angelina Jolie အပါအဝင် အခြားစူပါမော်ဒယ်များနဲ့ Hollywood မင်းသမီးများနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ် ။

Thylane ဟာ Tommy Hilfiger၊ L’Oréalနဲ့ Dolce & Gabbana အပါအဝင်ဖက်ရှင်လောကမှာ ဧရာမအမှတ်တံဆိပ်များစွာနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ် ။ နောက်ပြီး ဒီအမျိုးသမီးက သူမရဲ့ ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်ကိုပင် ဖွင့်လှစ်ခဲ့ပါတယ် ။

လူများစွာက သူမဟာ ပြင်သစ်ဘောလုံးသမား Patrick Blondeau နဲ့ မင်းသမီး / ဖက်ရှင်ဒီဇိုင်နာ Veronika Loubry တို့ရဲ့ သမီးဖြစ်တာကိုသိတဲ့အခါမှာ အံ့အားသင့်ခဲ့ကြပါတယ် ။

ယခုနှစ်မှာ TC Candler ရဲ့ ” တစ်နှစ်တာ အလှဆုံးမျက်နှာ ၁၀၀” စာရင်းကို ထုတ်ပြန်ခဲ့ပြီး Thylane က ထိပ်ဆုံးမှ ရပ်တည်ခဲ့ပါတယ် ။

“ ငါ့ကိုယ်ငါမယုံနိုင်အောင်ပဲ…@tccandler နဲ့မဲပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ် ။ တစ်ချိန်က ငါနံပါတ်၁ရမယ်လို့ မထင်ခဲ့ဘူး !! ” လို့ အမျိုးသမီးအားလုံးကို Instagram မှာ Thylane က ကျေးဇူးတင်ခဲ့ပါတယ်

ဒါပေမယ့်သူမရဲ့ပရိတ်သတ်တွေက သူမဟာ ငယ်ရွယ်စဉ်က အလှဆုံးကောင်မလေးဖြစ်တဲ့သူတစ်ယောက်ဟာ ထိပ်တန်းစာရင်းဝင်ပြီး ဆုရမယ်ဆိုတာကို သိခဲ့ပါတယ် ။ “ မင်းဒီဆုနဲ့ အရမ်းခိုက်တန်ပါတယ် ။

မင်းက ကျက်သရေရှိပြီး လှပတဲ့ သူတစ်ယောက်ပါ ။ ငါတို့အားလုံး မင်းရဲ့ idol အဖြစ်နဲ့ ရှိနေပေးမယ် ” လို့ fan တစ်ယောက်ကရေးသားခဲ့ပါတယ် ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners