တ်တာတွေအားလုံးရဲ့ ဘောင်းဘီဇစ်မှာ အဖြူရောင်ကြိုးလေးတွေ တွဲလောင်းလေးချထားရခြင်း အကြောင်းရင်

ဝိတ်တာတွေအားလုံးရဲ့ ဘောင်းဘီဇစ်မှာ အဖြူရောင်ကြိုးလေးတွေ တွဲလောင်းလေးချထားရခြင်း အကြောင်းရင်း…

“ချလွမ်”
စားသောက်နေရင်းမတော်တဆ ဇွန်းပြုတ်ကျသွားတာ

ချက်ချင်းပဲ
အနားမှာရှိနေတဲ့စားပွဲထိုးလေးက
ဘောင်းဘီအိတ်ထဲက ဇွန်းအသစ်တချောင်းထုတ်ပေးလာတယ်
ထူးဆန်းနေတော့ မေးမိတာပေါ့

” မင့်ဘောင်းဘီထဲမှာ ဇွန်းကအမြဲရှိနေတာလား ”

” ဟုတ်ပါတယ် ဒါကကျွန်တော်တို့မန်နေဂျာရဲ့အစီအစဉ်ပါ ”
” စားသုံးသူတွေရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ကျွန်တော်တို့ဆိုင်မှာ အကျိုးမဲ့မကုန်ဆုံးစေချင်ပါဘူး ”
“ကျွန်တော်တို့ဆိုင်က စားသုံးသူတွေအတွက်အမြဲအဆင်သင့်ရှိနေပါတယ် ”

သဘောကျမိတယ်
စားသုံးသူအပေါ်အလေးထားတဲ့
သူတို့ဆိုင်ရဲ့ စီစဉ်ထားမှု့ကို

” ဝိုး ”
ထပ်ပြီးအံ့သြရတာ ရှိသေးတယ်

ဘေလ်ရှင်းပြီးလို့ပြန်ကာနီးမှာ သတိထားမိလိုက်တာက
ဝိတ်တာတွေအားလုံးရဲ့ဘောင်းဘီဇစ်မှာ
အဖြူရောင်ကြိုးလေးတွေ တွဲလောင်းလေးချထားတယ်
ဒါဟာ ဆိုင်ရဲ့သင်္ကေတလား သိချင်လာတယ်

စောစောက ဝိတ်တာကိုမေးကြည့်တော့

” ဪ ! ဒါက ဆိုင်ရဲ့သင်္ကေတမဟုတ်ပါဘူး ”
” ကျွန်တော်တို့ဝိတ်တာတွေ အပေါ့သွားချိန်မှာ
ဘောင်းဘီဇစ်ကို လက်နဲ့တိုက်ရိုက်ထိတွေ့စရာမလိုပဲ
ကြိုးလေးကိုဆွဲချလိုက်ရုံနဲ့ အဆင်ပြေသွားအောင်


မန်နေဂျာက စီစဉ်ပေးထားတာပါ ”
” ကျွန်တော်တို့ဆိုင်က စားသုံးသူတွေအတွက်
သန့်ရှင်းမှု့ကိုအမြဲအလေးထားပါတယ် “

ဟာ ! ကြိုက်ပီလေ
သန့်ရှင်းမှု့ကိုဦးစားပေးပြီး ဒီလိုစနစ်တကျစီမံထားတဲ့
ဒီဆိုင်ကိုတော့ တကယ်သဘောကျနေမိပါဘီ

ဒါပေမဲ့
ရုတ်တရက် ဖျတ်ကနဲ


အတွေးထဲဝင်လာတာတခုကို သိချင်လို့
ပြန်လှည့်ပြီးမေးလိုက်တယ်

” ဒါနဲ့ နေစမ်းပါဦး ”
” အပေါ့သွားပြီးလို့ မင်းတို့ရဲ့ပစ္စည်းကို
ဟိုဟာကွာ ဂွေးကျိလေ မင်းတို့ရဲ့ဂွေးကျိကို
ဘောင်းဘီထဲဘယ်လိုပြန်ထည့်လဲ ”

လို့ မေးလိုက်တော့
ဝိတ်တာကောင်လေးက ဟိုကြည့်ဒီကြည့်နဲ့
အနားကပ်လာပြီး တိုးတိုးလေးပြောတယ်

” တခြားကောင်တွေတော့ မပြောတတ်ဘူး ”
” ကျွန်တော်ကတော့ ဇွန်းနဲ့ကော်ထည့်လိုက်တာပဲ “


တဲ့

ဝေါ့ !

အိမ်နေရင်းပြင်းနေမှာစီုးလို့ Copy ယူလာပေးတာ..ကိုယ်လည်ဟုတ်မှတ်လို့ဖတ်မိပါတယ်..ဟိ..

😂 ရီပါဗျာအားရပါးရပေါ့ ခင်ဗျားမရီပဲငိုနေတာဘယ်လောက်ကြာပြီလဲ။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners