
အသက်ရှူလမ်းကြောင်းကို ဝင်လာတဲ့ VIRUSကိုသ တ်ပေးမယ့်အကျိုးပြုဗက် တီးရီးယားမွေးမြူဖို့ စားရမဲ့ အစားအစာလေးတွေ
Virusကိုသတ်ပေးနိုင်တာဘယ်သူလဲ…?
အကျိုးပြုဗက်တီးရီးယားတွေပဲဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်မှာအကျိုးပြုဗက်တီးရီးယားတွေ
ရှိရပါတယ်။အဲဒီဗက်တီးရီးယားတွေကိုprobiotic
လို့ခေါ်ပါတယ်။ခန္ဓာကိုယ်ကိုဝင်လာသမျှသောရော
ဂါပိုးတွေကိုအဲဒီprobioticတွေကသတ်ဖြတ်ပေး
ကြပါတယ်။
probiotics တွေဟာအသက်ရှူလမ်းကြောင်းနဲ့
အစာလမ်းကြောင်းတစ်လျှောက်မှာနေကြပါတယ်။
အသက်ရှူလမ်းကြောင်းမှာနေတဲ့probioticsတွေ
ဟာvirveတွေကိုသတ်ပေးတယ်။အစာအိမ်အူလမ်း
ကြောင်းမှာနေတဲ့probioticsတွေကဗိုက်ထဲဝင်လာ
တဲ့ရောဂါပိုးတွေကိုသတ်ပေးတယ်။အဲဒီအပြင်အစာ
ကြေဖို့၊ဝမ်းမှန်ဖို့၊ဝမ်းမလျှောဖို့၊သွေးလည်ပတ်ဖို့၊ရင်
ကျပ်ပန်းနာမဖြစ်ဖို့၊ဇီဝဖြစ်စဉ်ကောင်းဖို့နဲ့အင်တီဘော်
ဒီခေါ်ကိုယ်ခံစွမ်းအားတွေထုတ်ပေးဖို့လုပ်ဆောင်ပေး
ကြပါတယ်။
ကိုယ်တွင်းမှာprobioticအကျိုးပြုဗက်တီးရီးယားတွေ
ပြည့်ပြည့်ဝဝရှိနေတဲ့သူဟာရောဂါကင်းကြတယ်။ပိုးအ
ရေအတွက်နည်းနေတဲ့သူတွေကတော့ကျန်းမာရေးချို့တဲ့
ကြတယ်။ရောဂါကူးစက်ခံရတဲ့သူတွေကိုလေ့လာကြည့်ရင်
သူတို့ဟာprobioticအားနည်းသူတွေဖြစ်ကြောင်းတွေ့ရပါ
လိမ့်မယ်။
ဒါကြောင့်ခန္ဓာကိုယ်ထဲမှာprobioticများများမွေးထားဖို့လို
ပါတယ်။probioticတွေများဖို့အတွက်ဘာတွေစားရမလဲ။
Probiotic ဆေးတောင့်တွေသောက်ရင်တော့အကျိုးပြုပိုး
အားကောင်းမှာသေချာပါတယ်။ဆေးတစ်တောင့်မှာပိုးအကောင်
ရေ၂ဝဘီလျံ၃ဝဘီလျံလောက်ပါတဲ့ဆေးတွေရှိပါတယ်။
သို့သော်လည်းprobioticဆေးတောင့်တွေကနေရာတိုင်း
ဝယ်လို့မရသလိုဈေးလည်းကြီးလွန်းတဲ့အတွက်ငွေကြေးတတ်
နိုင်သူတွေအတွက်ပဲအဆင်ပြေပါလိမ့်မယ်။အများစုကြီးဖြစ်
တဲ့ပိုက်ဆံမရှိသူတွေလက်လှမ်းမှီကြမှာမဟုတ်ပါဘူး။
မြန်မာပြည်သူအများစုကဆင်းရဲကြတဲ့အတွက်probiotic
ဆေးတောင့်တွေမဝယ်နိုင်ကြဘူး။ဒါကြောင့်ပိုက်ဆံမကုန်ဘဲ
Probioticကြွယ်ဝတဲ့အစာတွေစားကြတာကောင်းတယ်။
probioticအားကောင်းတဲ့ဒိန်ချဉ်၊ကီဖါ၊ကင်ချီ၊ရှမ်းမုန်လာချဉ်
အိမ်လုပ်လက်လုပ်ချဉ်၊ပုစွန်ချဉ်၊ငါးဖယ်ချဉ်၊ဝက်သားချဉ်၊
ငါးလေးချဉ်၊ငါးကြီးချဉ်(ပုံကိုရှု)ပဲငပိစသည်ကိုစားပေးရမယ်။
ကျနော်ဆိုရင်အိမ်မှာပဲပုစွန်ချဉ်လုပ်စားလေ့ရှိတယ်။
ခန္ဓာကိုယ်မှာprobiotics ပိုးတွေမွေးထားပြီးပြီဆိုတာနဲ့ဒီအ
တိုင်းထားလို့မပြီးသေးဘူး။အဲဒီပိုးတွေအသက်ရှင်သန်ဖို့အတွက်
အစာကျွေးရဦးမယ်။probioticပိုးလေးတွေကအသီးအရွက်တွေ
သိပ်ကြိုက်ကြတယ်၊နို့ထွက်ပစ္စည်းတွေလည်းသိပ်ကြိုက်ကြတယ်။
သူတို့ကြောက်တာကအရက်သေစာနဲ့ပဋိဇီဝဆေးတွေဖြစ်တယ်။
အဲလိုစားတတ်ထိန်းသိမ်းတတ်မယ်ဆိုရင်ကိုယ်တွင်းမှာအကျိုးပြု
ဗက်တီးရီးယားအားကောင်းပြီးကျန်းမာရေးအဆင့်မြင့်လာလိမ့်မယ်။
probioticsတွေထဲမှာဗက်တီးရီးယားအမျိုးအစားအများကြီးရှိတယ်။
အဲဒီအထဲကပိုး၅မျိုးလောက်ဟာအသက်ရှူလမ်းကြောင်းမှာနေထိုင်ကြ
ပြီးအသက်ရှူလမ်းကြောင်းကိုဝင်လာတဲ့virusတွေကိုသတ်ပေးတယ်။
အခုcovid virus ကိုလည်းအဲဒီဗက်တီးရီးယားကသတ်ပေးနိုင်တယ်။
ဒါကြောင့်ကိုယ်တွင့်းprobioticမွေးမြူရေးကိုအမြန်လုပ်ထားကြပါ။
မိတ်ဆွေများ…..ကိုဗစ်ရောဂါကူးစက်တိုင်းလည်းမသေပါဘူး။သိပ်လည်း
မစိုးရိမ်ကြပါနဲ့ပထမလှိုင်းတွေဒုတိယလှိုင်းတွေကိုကျနော်တို့ဒီလိုပဲကျော်
ဖြတ်ခဲ့ကြပြီးပြီလေ။သေမှမသေဘဲ။အခုလည်းတတိယလှိုင်းကိုပညာဉာဏ်
မြေကတုပ်လုပ်ပြီးအနိုင်ယူကျော်ဖြတ်ကြပါစို့.
ချစ်ခင်လေးစားလျှက်
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners