ဆေးကျောင်းတတ်နေတဲ့ သားသမီးအတွက် ငွေပို့နိုင်ရန် လမ်းဘေးစည်ပိုင်းမှာနေပြီး ခေါက်ဆွဲပြုတ်တွေပဲစားနေတဲ့ ဖခင်

အစားအစာတွေ အောက်ခံတဲ့ သတင်းစာ အန္တရာယ်

မြန်မာပြည်သား အားလုံး အတွက် စေတနာနဲ့ အမုန်းခံပြီး ပြောပြ ပါရစေ…

သတင်းစာ သည် စားစရာ အောက်ခံ စက္ကူ လုံး၀ မဟုတ်ပါ

စားစရာခံသည့် စက္ကူ သီးသန့်ရှိပါတယ်

သတင်းစာမှာ ရိုက်သော မှင် ကာဗွန်ဓာတ်များ စားမိခြင်းသည် အဆိပ်ကို စားမိသည်နှင့် တူပါ သည်။

မုန့်ရောင်း သူများ အနေဖြင့် စေတနာ လေးပိုထည့်ကာ စားသုံးသူများ ၏ ကျန်းမာရေး ကို အလေးထားသင့် ပါသည် ။

စားစရာခံ သည့် စက္ကူလေး ဝယ်၍ ထည့်ရောင်း ကြပါ။ မြန်မာနိုင်ငံ နေရာ တော်တော်များများ တွေ့ရမှာပါ ။ သတင်းစာ နဲ့ မုန့် အောက်ခံ လုပ်ကြတာ။

တချို့ ကိတ်မုန့် တိုက်တွေလည်း သုံးတာတွေ့ ရပါ တယ် ။ ကိုယ့်ကို ကိုယ် ချစ်လျှင် မဝယ်စား ပါနှင့်။ ငှက်ပျောရွက် သို့ သီးသန့် စက္ကူဖြင့် ခံ ရောင်းမှသာ ဝယ်စားပါ။

ဒီလို သတင်းစာကြီး နဲ့ မုန့်ထည့် ထားတာ .. တချို့ဆီကြော်မုန့် တွေမှာဆို သတင်းစာ က ကပ်ပါလာ တဲ့ စာလုံးမှင် အရိပ်တွေ တောင် ရှိပါတယ်။

အလွယ် မကြိုက်ကြ ပါနဲ့ ပြုပြင် ကြပါ ။ ကျန်းမာရေး အသိ အဆင့် အတန်းမြင့် သော နိုင်ငံဖြစ်ကြ ပါစေဟု…..

စိတ်သန်လျက်…ပြင်ရန် မလွယ်နိုင်ဟု သိပါသော်လည်း ၁ ယောက် ၁ လေများ သိသွားရင် ကျေနပ် ပါပြီ ။

စိန် ထွန်း ဦး