ပရဟိတအသင်းထံ လက်ရှိနေထိုင်တဲ့ အိမ်နဲ့မြေကို လှူဒါန်းခဲ့တဲ့ ကူမဲမြို့က အဖွားဒေါ်သိန်း

ပရဟိတအသင်းထံ လက်ရှိနေထိုင်တဲ့ အိမ်နဲ့မြေကို လှူဒါန်းခဲ့တဲ့ ကူမဲမြို့က အဖွားဒေါ်သိန်း

ကိုဗစ် ရောဂါကူးစက်မှုတွေ ခံရပြီး ​ မြန်မာ ပြည်သူ အများအပြားဒုက္ခရောက်နေချိန် ပရဟိတ သမားတွေဟာလည်း အခက်အခဲများစွာကြားကပဲ ပရဟိတ အလုပ်တွေကို နေ့မနားညမနားလုပ်ကိုင်နေကြပါတယ်။

ဒုက္ခရောက် နေ သူတွေကို ကူညီ ပေးနေတဲ့ ပရ ဟိတအသင်းတွေကို ပြည်သူတွေကလည်း တတ်နိုင်သလောက် လှူဒါန်းပေးမှုတွေ ပြုလုပ် ပေးနေ ကြတာဖြစ် ပါတယ်။

အသက် အရွယ် ကြီးနေပြီ ဖြစ် တဲ့ လူကြီးတွေ ကလည်း ငယ်ရွယ်စဉ်က ကြိုးစား ရှာဖွေ ထားတဲ့ အရာပစ္စည်း တွေကို ရောင်းချကာ အလှူအတန်းတွေ ပြုလုပ် ရင်း ဘဝ ကို ပေးကမ်း လှူဒါန်းမှုတွေ နဲ့ ဖြတ်သန်းနေကြ ပါတယ်။သြဂုတ်လ(၇)ရက်နေ့ မနေ့ ကတော့ ကူမဲမြို့ အမှတ်(၄) ရပ်ကွက်က အဖွားအို တစ် ယောက် ဟာ အိမ် နဲ့ ဝိုင်းမြေကို ပရဟိတ အသင်း တစ်သင်းထံ လှူဒါန်းခဲ့ ပါတယ်။

ကူမဲမြို့၊အမှတ်(၄)၊အင်းဗျားရပ်နေ အဖွား ဒေါ်သိန်းဟာ သူလက် ရှိ နေထိုင်လျက် ရှိနေတဲ့ အိမ်နဲ့ဝိုင်းမြေကို ဗြဟ္မပါလလူမှုကူညီရေးအသင်းကြီးထံ လှူဒါန်းခဲ့ တာပဲဖြစ် ပါတယ်။ အဆိုပါ အဖွားအိုက ဗြဟ္မပါလ လူမှု ကူညီ ရေးအသင်း လိုအပ် သလို အသုံးပြု နိုင်ရန်အတွက် အခုလို လှူဒါန်းခဲ့တာဖြစ်ပြီး အဖွားရဲ့အလှူ အတွက် ပြည်သူတွေက သာဓု ခေါ်ဆို နေကြတာဖြစ်ပါတယ်။

အဆိုပါ အလှူအတွက် သံဃာတော် တွေကို ပင့်ဖိတ်ပြီး ရေစက် ချအမျှပေးဝေခဲ့သလို အဖွားကိုယ်တိုင်လည်း အခုလို လှူဒါန်းခွင့်ရတဲ့အတွက် ဝမ်းသာပီတိ ဖြာနေကာ ပြုံးပျော်ရွှင် နေခဲ့ ပါတယ်။ ရက် ရက်ရောရော

ပေးကမ်းလှူဒါန်းခဲ့တဲ့ အဘွားဒေါ်သိန်းကို ဗြဟ္မပါလလူမှု ကူညီ ရေးအ သင်းကြီးက ပရ ဟိတ ညီ အကိုတွေ ကလည်း လက် အုပ်ချီပြီး ဦးချ ကန်တော့ခဲ့ ကြပါတယ်။

ဗြဟ္မပါလ လူမှု ကူညီရေး အ သင်းက တော့ “အ လှူ ရှင် မိသားစု စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှင့် အတူ အစစ အရာရာ ပြီးပြည့်စုံ နိုင်ကြပါစေ “ဆိုပြီး ရေးသား ထားပါ တယ်။ အိမ်နဲ့ဝိုင်းမြေကို နှမျောခြင်းမရှိဘဲ ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အဖွားဒေါ်သိန်းရဲ့ သာဓု ခေါ် စရာ ပုံရိပ် လေးတွေ ကို ပြန် လည် ဖော်ပြပေးလိုက် ရပါ တယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners