အိမ်မှာ မစိုက်သင့်သော ဂမုန်းပင်များကို သထိထား ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်

အိမ်မှာ မစိုက်သင့်သော ဂမုန်းပင်များကို သထိထား ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်

ဂမုန်းဆိုတဲ့ အပင်မျိုးနွယ်လေး ကတော့ မြန်မာလူမျိုးတွေ အတွက် သိပ်မစိမ်းတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ ခြုံငုံ ခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေက အပင်ကြီးတွေမှာ တွယ်ကပ်ပေါက်တက်တဲ့ အပင်မျိုး ဖြစ်ပါတယ်။

ရှေးခေတ်က မြန်မာလူမျိုးတွေဟာ ဂမုန်းပင်လေးတွေကို စီးပွားလာဘ်လာဘတိုးတက်ဖို့၊ ရာထူးအာဏာတိုးတက်ဖို့၊ ဧည့်ကောင်း ဆောင်ကောင်းလာဖို့၊ မီးကွင်းဖို့၊ သူခိုး-ဓားပြ အန္တရာယ်ကင်းဖို့ ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြသလို အခုခေတ်မှာတော့ အိမ်တွင်း အပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။

ဒါက ပြဿနာ မဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာ မှ အိမ်တွင်းမှာ လုံးဝ မစိုက်ပျိုးသင့်တဲ့ အပင်တွေက လည်း ရှိနေပါတယ်။ အဲ့အပင် (၃) မျိုး ကို စိုက်ပျိုးရေး ဝါသနာရှင်တွေ သထိထား ဆင်ခြင်နိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။

၁။ ဆင်စွယ်ဂမုန်း

ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုး ဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်း တူပါတယ်။ ဆင်စွယ်ဂမုန်း ဟာ စိုက်ပျိုးသူကို စီးပွားလာဘ်လာ ဘဖြစ်စေတဲ့ ဂမုန်းမျိုးမဟုတ်ပဲ အမျိုးသားတွေ ဒီအပင်ကို ကျော်ဖြတ်မိပါက အူကျခြင်းကို ဖြစ်စေ တက်တယ်လို့ တချို့ကလည်း ပြောကြပါတယ်။

ဒါ့အပြင် ငါးရံ့၊ ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့် ရောချက်ပါက ဒူလာသွေးဝမ်းပျက် တယ်လို့လည်း ပြောကြပါတယ်။ ဆင်စွယ်ဂမုန်း စိုက်ပျိုးပြီး စီးပွားတက်လာပါက တစ်ဦးနဲ့တစ်ဦး အကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစုအတွင်း ပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊

မှုခင်းတစ်ခုခု ဖြစ်တက်ခြင်း၊ ဘေးရန်များခြင်း စတဲ့ စိတ်သောက မျိုးစုံဖြစ်ပွား တက်တဲ့ ဂမုန်းပင်ပဲ ဖြစ်ပါတယ်။ဒါကြောင့် ဂမုန်း စိုက်ပျိုး သူတွေ အနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင်ကြဉ် စေချင်ပါတယ်။

၂။ ဆင်ဂမုန်း

ဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ ပုံစံတူပြီးတော့ အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုးပါ။ ဒီဂမုန်းပင်ကို စိုက်မယ် ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည် မှန်သော်လည်း မိသားစုထဲမှ တစ်ယောက်ယောက်ကို ကျန်းမာရေး ချို့ယွင်းစေပါ တယ်။

ဆင်ဂမုန်း စိုက်ပျိုးသူ ၉၀ ရာခိုင်နှုန်းဟာ ကျန်းမာရေး အန္တရာယ် ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။ ဒါ ကြောင့် ဆင်ဂမုန်းဟာ အိမ်တွင်းမှာ စိုက်ပျိုးဖို့ လုံးဝ မသင့်တော်တဲ့ ဂမုန်းပင်တွေထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။

၃။ ကုမုဒ်ကြာဂမုန်း

ကုမုဒ်ကြာ ဂမုန်းကတော့ အရွက်ရှည်ပြီး ဘေးအနားတွေက လှိုင်းတွန့်နေတဲ့ အရွက်ပုံစံမျိုး လေးပါ။ ဒီဂမုန်းကတော့ ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင် အပွင့်လေးတွေ ပွင့်တက်ပါတယ်။ ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်နဲ့ ပုံစံတူတာကြောင့် ကုမုဒ်ကြာဂမုန်းလို့ ခေါ်ကြတာ ဖြစ်ပါတယ်။

ကုမုဒ်ကြာဂမုန်းဟာ စီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်း မိသားစုအတွင်း ပဋိပက ္ခမကြာခဏဖြစ်ပွားတက်ပါတယ်။ သုတေသန လုပ်သူတွေမှ ကုမုဒ်ကြာဂမုန်းကို စိုက်ပျိုးလေ့လာခဲ့ရာ မိသားစုတွင်း ပြဿနာမျိုးစုံ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

ကုမုဒ်ကြာဂမုန်းကို နုတ်ပြီး စွန့်ပစ်ခဲ့ချိန်မှာတော့ မိသားစုသောကတွေ ငြိမ်းအေးသွားခဲ့တယ်လို့ ဆိုပါတယ်။ဒါကြောင့် သင့်အိမ်တွင်းမှာ ကုမုဒ်ကြာ ဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက်ရပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners