တစ်နေ့လုပ်မှ တစ်နေ့စားရတာကြောင့် အားရှိအောင် ကြက်ပေါင်းစားဖို့ မတတ်နိုင်တဲ့ အဘိုး၊အဘွားတွေကိုSurprise လုပ်လိုက်တဲ့ စေတနာရှင် လူငယ်လေ

တစ်နေ့လုပ်မှ တစ်နေ့စားရတာကြောင့် အားရှိအောင် ကြက်ပေါင်းစားဖို့ မတတ်နိုင်တဲ့ အဘိုး၊အဘွားတွေကိုSurprise လုပ်လိုက်တဲ့ စေတနာရှင် လူငယ်လေး

လက်ရှိမှာ မိုးရာသီ လည်းဖြစ် လို့ ရာသီ တုတ်ကွေးလည်း ဖြစ်ကြသလို ကိုဗစ် တတိယ လှိုင်းကြောင့်လည်း နေမကောင်းကြ သူတွေအများအပြားရှိ ကြပါတယ်။

ဆရာဝန် တွေ ကလည်း လူနာတွေ အ တွက် ဆေးအညွှန်းတွေနဲ့ နေထိုင် ပုံတွေကို လူမှုကွန်ယက်စာ မျက် နှာပေါ်မှာ ရေးသားပေးနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာဝန်တွေ အဓိကတိုက်တွန်းတာကတော့ နေမကောင်းဖြစ်ရင် ခုခံအားကောင်းအောင် အဟာရ ပြည့်ဝ စွာစားသောက်ဖို့ပဲဖြစ်ပါ တယ်။

ဒါ့ကြောင့် ပြည်သူ တွေက ငှက် သိုက် အပြင် ကြက်ပေါင်း၊ကြက်ဥ နဲ့ တခြားအစားအသောက် တွေကို ချက်ပြုတ် စားသောက် ကြတာပဲ ဖြစ်ပါတယ်။

ငွေကြေး တတ် နိုင် တဲ့ သူ တွေ က တော့ အဟာရ ပြည့် ဝ စွာစားသောက်နေ ထိုင်နိုင်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေခမျာ တစ်နပ်စာအတွက်တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် စေတနာရှင် လူငယ်လေး တစ်ဦးဆိုရင် အဟာရ ပြည့်ဝစေမယ့်ကြက်ပေါင်းလေးလုပ်ပြီး အဘိုး၊အဘွားတွေကို ဝေငှခဲ့တာဖြစ်ပါတယ်။

လူငယ်လေးက အဘိုး၊အဘွားတွေကို “ကြက်ပေါင်းစားချင်လား” လို့ မေးပေမယ့် “စျေးကြီးလို့ မစားနိုင် ပါဘူး သား လေးရယ်”ဆိုပြီး အဘိုး၊အဘွားတွေက ပြန်ဖြေခဲ့တာဖြစ်ပါတယ်။

အဘိုး၊အဘွားတွေ အံ့ဩပျော်ရွှင်သွားအောင်လို့ ကြက်ပေါင်း တစ်ယောက် တစ်ဘူးပေးခဲ့ကြ တာဖြစ်ပါတယ်။

အဘိုး၊အဘွားတွေကလည်း အိမ်ပြန်ရောက်ရင် မိသားစုနဲ့အတူစားလိုက်ပါမယ်ဆိုပြီး လူငယ်လေးကို အရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

အခုလိုမျိုး အသက်အရွယ်နဲ့ မမျှအောင် လုပ်ကိုင်စားသောက်နေရတဲ့ အဘိုး၊အဘွားတွေကို တတ်နိုင် သ လောက်စောင့် ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်မိပြီး ပီတိ ဖြစ်စရာ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

 

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners