တစ်သက်လုံး လက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားရင် ဒီ (၆)ချက်ကို သိထားဖို့လိုတယ်

လက်ရှိ ချစ်သူ လက်ရှိ အိမ်ထောင် ရေးမှာ တစ်သက်လုံး လက်တွဲ သွားမယ်လို့ ဆုံးဖြတ်ထား ရင်ဒီ ( ၆ )ချက်ကိုသိထား ဖို့လိုတယ်

၁။ ခေါင်းအေးအေးထား စဉ်းစား

ဟုတ်တယ် ။ ငါတို့ ခေါင်းအေးအေး ထားရမယ် ။ တကယ် တော့ ငါတို့ ရန်ဖြစ် ကြတာ ခဏတာ လေးပါ။ ဒီခဏလေးပြီးရင် အကြာကြီးဝေး ဖို့ဆိုတာ မဖြစ်နိုင်ဘူး လေ။ငါတို့ရန်ဖြစ် တာရော၊ ဘာကြောင့်လဲ။

လမ်းခွဲ ဖို့လောက် ထိရော၊ ဖြစ်သင့်ရဲ့လား။ ဘာတွေကြောင့် ဒီအခြေ အနေတွေ အထိ ဖြစ်လာ ခဲ့လဲ။ ငါတို့ ခေါင်းအေးအေး ထားပြီး စဉ်းစားမယ်။

၂။ မှားတဲ့သူ တောင်းပန်ကြေး

ချစ်သူရေ.. ဘယ်သူမဆို ကိုယ်မှား တာကို တာဝန် ယူမှ၊ ဝန်ခံမှ။ အထူးသဖြင့် ကိုယ်တို့ ချစ်သူတွေ ကြားမှာပေ့ါ။ အမှား ကိုသိရင် အမှန်ပြင် ရမယ့် သတ္တိ ငါတို့မှာ ရှိရ မယ်လေ

။ မှားတဲ့သူက အရင် တောင်းပန်ကြေးနော်။ နောက်ပြီး တောင်းပန် တာ ကိုလည်း လက်ခံကြေး ။ ခွင့်လွှတ်ကြေး

၃။ အလျှော့ပေးရမယ်

တကယ်တော့ လေ ဘယ်သူ မှားမှား ဘယ်သူ မှန်မှန်၊ တကယ်ချစ် ရင် အလျော့ကို ပေးရမယ်။ ဒီကမ္ဘာ ကြီးမှာ တကယ်ချစ် တဲ့သူတိုင်း

တစ်မျိုးစီ ရူးသွပ် တာ နင်လည်း သိသားပဲ။ ကဲ.. ငါကတော့ နင့်ကိုသိပ် ချစ်လို့ နင်မှားလည်း ငါကပဲ တောင်းပန် အလျော့ ပေး ပါ့မယ်

၄။ သွေးမပူပါနဲ့

ငါတို့ကြား ရန်ပွဲတွေ ကို ဦးတည် လာတာနဲ့ အော်မ ပြော ပါနဲ့ ။ တစ်ယောက် ကိုတစ်ယောက် မစော် ကား မိပါစေနဲ့။ ခံစားမှုတွေ ကို အရမ်း ကြီး ရှေ့တန်းမ တင်ပါနဲ့

၅။ တစ်ယောက်အပေါ်တစ်ယောက် လေးစားမှု

တစ်ယောက် နဲ့ တစ်ယောက်ကြား လေးစားမှု ဆိုတာ သာ ရှိနေရင် အတ္တ တွေ မရှိဘူး၊ အထင်အမြင် လွဲမှားတာ တွေ မရှိဘူး။ ရန်ပွဲတွေဆို

တာလည်း နည်းလိမ့် မယ် ။ နင်နဲ့ငါအကြား အပြန်အလှန် လေးစားမှု ဆိုတာ သာ ရှိခဲ့ရင် တို့ရဲ့အချစ် ခရီးက ဖြောင့်ဖြူ းနေ မှာပါ

၆။ နားလည်မှု

အချစ် တစ်ခုမှာ ချစ်ခြင်းပြီ းရင် အရေး အကြီးဆုံးက နားလည် မှုပဲတဲ့။ နားလည်မှုက ရန်ပွဲတွေကို ကျော်လွှား စေတယ်။ စစ်ပွဲတွေကို ရပ်တန့်စေ တယ်။

ပဋိပက္ခ တွေကို အပြီးသတ်စေ တယ် ။ ငါတိုှ့အကြား နားလည်မှု တွေရှိနေ သ၍တော့ ကျောခိုင်း သွားကြ ရမှာ မဟုတ် ပါဘူး ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owner