တွဲဖက်မစားသင့်တဲ့ အသီးများ

အသီးအနှံတွေက အရမ်းကောင်းပါတယ်။ သူတို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေ အများကြီး ပါဝင်နေပေမယ့် တချို့ အသီးတွေကတော့ တွဲပြီးစားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ငှက်ပျောသီးနဲ့ ပူတင်း

ငှက်ပျောသီးနဲ့ ပူတင်းက တွဲလျက်စားဖို့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာချေရ ခက်ခဲလို့ပါ။ ဒီလို တွဲလျက် စားသုံးတာက ဦးနှောက်ကိုလည်း လေးလံစေပါတယ်။

မွေးကင်းစ ကလေးတွေမှာဆိုရင် အရမ်း အန္တရာယ်ရှိပါတယ်။ဒါကြောင့် ဒီ၂မျိုးကို တတ်နိုင်သမျှ တွဲလျက်မစားသုံးပါနဲ့။

မုန်လာဥနီနဲ့ လိမ္မော်သီး

မုန်လာဥနီနဲ့ လိမ္မော်သီး ဖျော်ရည်က ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ နာမည်ကြီးတာကြောင့် လူတိုင်း နေ့စဉ် သောက်သုံးကြပါတယ်။

မုန်လာဥနီ တစ်မျိုးတည်း နေ့စဉ်သောက်သုံးတာက အဆင်ပြေပေမယ့် လိမ္မော်သီးနဲ့ တွဲလျက် စားသုံးမယ်ဆိုရင်တော့ အစာမချေ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။ တချို့ပြင်းထန်တဲ့ အချိန်တွေမှာဆိုရင်ကျောက်ကပ် ပျက်စီးစေတတ်တာကြောင့် နေ့တိုင်းနီးပါးတော့ တွဲလျက် မသောက်သုံးသင့်ပါဘူး။

နွားနို့နဲ့ နာနတ်သီး

နာနတ်သီးမှာ Bromelain အင်ဇိုင်း (နာနတ်သီးစားရင် လျှာမှာ ရှတတဖြစ်နေ) ပါဝင်တာကြောင့် ဒီ အင်ဇိုင်းက နွားနို့နဲ့ မတည့်ပါဘူး။အကယ်၍ ရောနှောပြီး စားသောက်မိရင် ခေါင်းကိုက်၊ အစာအိမ်နာ၊ ပျို့အန်၊ ဝမ်းလျှောစတာတွေ ဖြစ်တတ်ပြီး ကလေးတွေမှာဆိုရင် ပိုဆိုးတတ်ပါတယ်။

သံပုယိုသီးနဲ့ သင်္ဘောသီး

သံပုယိုသီးနဲ့ သင်္ဘောသီး ရောနှော စားသောက်တာများလာရင် သွေးနီဥ နည်းပါးတဲ့ ရောဂါမျိုး တွေဖြစ်လာတတ်ပါတယ်။ နေ့တိုင်းနီးပါးတော့ မသောက်သုံးသင့်ပါဘူး။

ငှက်ပျောသီးနဲ့ မာလကာသီး

ငှက်ပျောသီးနဲ့ မာလကာသီးတို့ကိုတော့ တွဲစားလေ့ရှိမှာ မဟုတ်ပါဘူး။ တွဲစားရင်လည်း အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ ထွက်တာများလို့ ပျို့အန်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။

Credit–MyFoodMyanmar