ဆား(သို့မဟုတ်) ဆားငံရည်ဖြင့် ဘာလို့ ပလုတ်ကျင်းခိုင်းရတာလဲ

ဆား(သို့မဟုတ်) ဆားငံရည်ဖြင့် ဘာလို့ ပလုတ်ကျင်းခိုင်းရတာလဲ

ဆားငန်ရည်ဆိုတာ ခံတွင်းကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်လက်ပါပဲ သွား၊ လျှာ၊ သွားဖုံး၊ လည်ချောင်းကိုလည်းသန့်ရှင်းပေးတယ်။


သွားကိုက်၊သွားနာ၊အနာပေါက်တာ၊ခံတွင်းအနံ့ဆိုးဖြစ်တာ၊လည်ချောင်းနာတာ၊သွားနှုတ်ပြီးချိန်မှာသွားဖုံးထဲပိုးမဝင်စေဖို့နဲ့အနာကျက်မြန်စေဖို့ဆားငန်ရည်နဲ့ပလုတ်ကျင်းတတ်ကြပါတယ်ဆားငန်ရည်နဲ့ပလုတ်ကျင်းဖို့သွားနဲ့ခံတွင်းဆရာဝန်တိုင်းဘာလို့အကြံပြုတာလဲအလွယ်ကူဆုံးနဲ့ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းသလိုအိမ်တိုင်းမှာလည်းဆားတွေအလွယ်တကူဆောင်ထားတတ်ကြတာဆိုတော့သုံးဖို့လည်းအဆင်ပြေစေပါတယ်။

ကုန်ကျစရိတ်လည်းနည်းတယ်။လုပ်ဖို့အတွက်အချိန်စက္ကန့်ပိုင်းလောက်ပဲ ပေးရတာကြောင့် ဆားငန်ရည်နဲ့ အမြဲပလုတ်ကျင်းဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်

ဆားငန်ရည်ဟာခံတွင်းကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုပေးနိုင်လဲ

၁။ပါးစပ်ထဲမှာရှိနေတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုသန့်စင်ပေးတယ်။သွားတိုက်တံနဲ့အလွယ်တကူမရောက်နိုင်တဲ့သွားကြားထဲကပိုးမွှားတွေကိုလည်းဖယ်ရှားပေးနိုင်တယ်

၂။သွားသေချာမတိုက်ခြင်းကြောင့် အပေါ်ယံသွားကြွေလွှာပေါ် အကျိအချွဲတက်ခြင်းကို နှေးကွေးစေတယ်

၃။ ခံတွင်းအနံ့ဆိုး ထွက်တတ်တဲ့သူတွေဆိုရင် တစ်နေ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ်သွားတိုက်ပြီးတိုင်းဆားငန်ရည်နဲ့ပလုတ်ကျင်းပေးခြင်းဖြင့်ခံတွင်းအနံ့ဆိုးကိုသက်သာစေတယ်။အယ်လ်ကိုဟောပါဝင်တဲ့ခံတွင်းသန့်စင်ဆေးရည်နဲ့မတည့်တဲ့သူတွေဆိုရင်ဆားငန်ရည်နဲ့ပလုတ်ကျင်းပေးလို့ရပါတယ်

၄။လည်ချောင်းနာတဲ့သူတွေဆိုရင် ပါးစပ်ပတ်ပတ်လည်ကို တစ်ကြိမ်၊ အာခေါင်စပ် ရောက်တဲ့အထိ ခေါင်းကိုအနည်းငယ်မော့ပြီး တစ်ကြိမ် ၂ကြိမ်တိတိ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့်လည်ချောင်းနာဝေဒနာကို အမြန်သက်သာစေနိုင်သလို ပျောက်တာလည်း မြန်စေပါတယ်

၅။ပါးစပ်မှာUlcerကဲ့သို့အဖြူရောင်အနာကွက်လေးတွေပေါက်နေတဲ့အခါဆားငန်ရည်နဲ့ပလုတ်ကျင်းပေးခြင်းဖြင့်ပိုးသေစေတယ်။ဆေးဆိုင်ကနေအနာပျောက်လိမ်းဆေးတွေကိုလိမ်းပေးပြီးသွားရင်လည်းအရောင်ကျစေနိုင်ပြီးအနာကိုသေးစေကာမြန်မြန်ပျောက်စေနိုင်ပါတယ်

၆။သွားဖုံးရောင်ခြင်း၊သွားဖုံးသွေးယိုခြင်း၊ရေစီးကမ်းပြိုဖြစ်ခြင်း၊သွားပိုးပေါက်ဖြစ်ခြင်း၊သွားပိုးစားခြင်းကိုလည်းကာကွယ်ပေးနိုင်တယ်

၇။သွားနှုတ်ပြီး၂၄နာရီနောက်ပိုင်းမှာဆားငန်ရည်နဲ့ပလုတ်ကျင်းပေးမယ်ဆိုရင်အနာကျက်မြန်စေပြီးအနာမရင်းအောင်လည်းကာကွယ်ပေးနိုင်ပါတယ်သတိထားရမှာကသွားနဲ့ခံတွင်းဆရာဝန်ရဲ့ဆေးပညာအတည်ပြုချက်ရမှသာလုပ်သင့်ပါတယ်။အထူးသဖြင့်အံဆုံးသွားနှုတ်တဲ့သူဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆားငန်ရည်နဲ့ ပလုတ်မကျင်းခင် အရင်မေးဖို့လိုအပ်ပါတယ်

၈။အအေးမိ၊ဖျားနာ၊တုပ်ကွေးဖြစ်နေချိန်မှာလည်းပလုတ်ကျင်းလို့ရပါတယ်။ခံတွင်းနဲ့လည်ချောင်းထဲမှာရှိနေတဲ့ချွဲသလိပ်တွေကိုကြေစေပြီးဘက်တီးရီးယားပိုးတွေကိုလည်းလျော့နည်းစေနိုင်ပါတယ်သွားနဲ့ခံတွင်းကျန်းမာရေးအတွက်ဒီနည်းလမ်းတွေကိုလိုက်နာပါ

၁။ဖလိုရိုဒ်ပါတဲ့သွားတိုက်ဆေးနဲ့မနက်တစ်ကြိမ်၊ညတစ်ကြိမ်သွားတိုက်ပေးပါ။သွားတိုက်တဲ့အခါမှာလည်းနည်းမှန်လမ်းမှန်နဲ့စနစ်တကျသွားတိုက်ဖို့ အရေးကြီးပါတယ်

၂။သွားတိုက်ပြီးရင်လျှာခြစ်ပါ။လျှာခြစ်ဖို့အတွက်လျှာခြစ်တံအပျော့စားလေးသို့မဟုတ်သွားပွတ်တံနဲ့အသုံးပြုလို့ရပါတယ်

၃။အားလုံးလုပ်ပြီးသွားရင်ပါးစပ်ကိုခံတွင်းသန့်စင်ဆေးရည်သို့မဟုတ်ဆားငန်ရည်နဲ့ပလုတ်ကျင်းပေးပါ

၄။ဆားငန်ရည်ပြုလုပ်တဲ့နေရာမှာ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေကျက်နွေးတစ်ခွက်နဲ့ ရောမွှေပေးရပါမယ်။

၁၀ စက္ကန့်မှ ၁၂စက္ကန့်ထိအကြာဆုံးဆားငန်ရည်နဲ့ပလုတ်ကျင်းပြီးသွားရင်ထွေးထုတ်ပစ်ပါ။မမျိုချပါနဲ့။လည်ချောင်းမှာဆားတွေကပ်နေရင် ရေနည်းနည်းငုံပြီးပလုတ်ကျင်းကာထွေးထုတ်ပစ်ပါ

၅။တစ်ပတ်ကို၃ကြိမ်မှ၄ကြိမ်ထိလုပ်ပေးနိုင်ရင်လုံလောက်ပါတယ်

၆။အစာစားပြီးတဲ့အခါရေနဲ့ပလုတ်ကျင်းပါ။သွားပွတ်ကြိုးသုံးပြီးသွားကြားထဲညှပ်နေတဲ့စားကြွင်းစားကျန်တွေကိုရှင်းထုတ်ပစ်ပါ

၇။သွားနဲ့ခံတွင်းဆေးခန်းကို၆လတစ်ကြိမ်ပုံမှန်သွားပြပေးပါကိုယ့်ရဲ့ရုပ်နဲ့ခန္ဓာကျန်းမာရေးအပေါ်အများကြီးသက်ရောက်မှုရှိစေတာကြောင့်ခုပြောပြခဲ့တဲ့နည်းလမ်းတွေကို သေချာလိုက်နာပြီး ကိုယ့်ရဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့ ထပ်မံအကြံပြုပါရစေ

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners