မနက်အိပ်ရာကနိုး​​တော့ အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့အသက်၂၆နှစ်အရွယ်ကောင်မလေ

မနက်အိပ်ရာကနိုး​​တော့ အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့အသက်၂၆နှစ်အရွယ်ကောင်မလေး💔💔

အိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေအာရုံကြော​ပျက်သွားတာလို့ဆရာဝန်များဆို😰 မိမိကိုယ်ကိုချစ်ပါဂရုစိုက်ပါ💙💙

ကိုယ်တိုင်လဲ အခုတလော sleep deprivation ကြောင့် short-term memory loss သိသိသာသာ ဖြစ်လာလို့ လိုက်ရှာဖတ်ရင်းနဲ့ အားလုံးလဲ သိထားရအောင်ပြန်လည်မျှဝေတာ

Sleep Deprivation ( အိပ်ရေးမဝခြင်း )

ဒီ post ကိုတော့ညဘက်တော်တော်နဲ့မအိပ်နိုင်တဲ့သူတွေဖတ်သင့်ပါတယ် ။

Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊ ဒါပေမယ့်အိပ်လားဆိုတော့မအိပ်ကြပါဘူး ။

အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာများတယ် ။ အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှစအိပ်ကြတယ် ။

အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။ တချို့ဒီလိုတွေးတယ် ” ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊ အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး ” စသဖြင့်ပေါ့။

No ပါ 🚫

ညမအိပ်ဘဲမနက်မှအိပ်တာလဲ အိပ်ရေးမဝတာကိုဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။

တကယ့် side effect ကခေါင်းအစခြေအဆုံးဖြစ်တာပါ ။ ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့

Side effect ကတော့ တခုပြီးတခုဖြစ်နေမှာပါ ။ ဘာတွေဖြစ်လာနိုင်လဲ ❓❓❓

Symptoms စပြရင်ယေဘုယျအားဖြင့်ခေါင်းအပိုင်းကစပြကြတာများတယ် ။Memory Issues မှာဆိုရင်ညဘက်ဆိုကိုယ့် ဦးနှောက်ကသူ့ထဲအသစ်ထပ်ထည့်ရမယ့်

Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။ အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်းမမှတ်မိတာတွေ မေ့လွယ်တာတွေဖြစ်လာနိုင်တယ် ။

အာရုံစူးစိုက်မှုနဲ့thinkingပိုင်းတွေမှာအားနည်းလာမယ် ။ Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူးထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိုးမပြေဘူးမြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့သူတွေဆိုရင် Anxiety, Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။

Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။ ဒီ weight gain ကတော့ဆိုးကျိုးကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။အခုအချိန်က Covid 19 pandemic အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့

Sleep Deprivation

အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင်ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့အတွက်ရောဂါပိုးတွေအလွယ်တကူဝင်နိုင်တယ် Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့ရောဂါတွေကနှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊ ဆီးချိုစတဲ့ရောဂါတွေဖြစ်နိုင်တယ် ။

Sex Hormones တွေပွားနှုန်းကိုလဲလျော့စေပါတယ် ။ Sleep Deprivation ဖြစ်တာကြာလာရင်ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာနိုင်တယ် ။

ဥပမာ – ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင် ဘာမှမကိုင်နိုင်တော့ဘဲအားမရှိတော့မျိုးတွေဖြစ်နိုင်တယ် ။အိပ်ရေးမဝရင်အသိသာဆုံးကမျက်လုံး မျက်နှာ ဖြစ်တဲ့အတွက် skin suffer တွေပါဖြစ်တတ်ပါတယ် ။

အဆိုးဆုံး Sides Effect ကတော့သေတဲ့ အထိဖြစ်နိုင်တာပါ ဒါတွေကတော့ခေါင်းအစခြေအဆုံးဖြစ်တတ်တဲ့ Sides Effect တွေပါ ။ 💁🏻 ၁၂ နာရီအလွန်ဆုံးထားပြီးအိပ်ကြပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။

Dr.Zyinkey #crd to owner