
ဆောင်းရာသီမှာ ချောင်းဆိုးရင်ကြပ်၊ချွဲသလိပ်ခပ်နေရတာ အဖြစ်များကြတာကို အတွေ့များနေရပါတယ်။ အဲ့ဝေဒနာအတွက်” ခွေးတောက်ရွက်ခြောက်”ကသမားကျော်ပါလို့ဆိုရပါမယ်။
သူ့ကိုရေနွေးကြမ်းထဲလဖက်ခြောက်အစားခပ်သောက်ရင်ချွဲသလိပ်တွေပျော်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအခိုးပွင့်ပြီးရေချိုးလို့လည်းကောင်းပါတယ်။
အရွက်ကိုအခြောက်လှမ်းတဲ့အခါဆားရည် 5မိနစ်စိမ်၊ ရေစင်စင်ဆေးပြီးရေအခြောက်ကောင်းနေတစ်ရက်လှမ်းပြီး နောက်ရက်တွေမှာအရိပ် ထဲမှာပဲလှမ်းပေးရပါတယ်။ (၇)ရက်လှမ်းပြီးရင်သုံးလို့ရပါပြီ။
ရေနွေးကြမ်းသောက်သလို မကြာခဏသောက်နေရင်ပိတ်နေတဲ့အခိုးတွေပွင့်ပြီး ချွေးတစိုစိုနဲ့ရှိနေတတ်ပါတယ်။တစ်ခါသောက်လဘက်ရည်တစ်ပန်းကန်စာကိုနံနက် ၊နေ့လ၊ညနေ၊ညတစ်ကြိမ်စီ သောက်ပေးလိုလည်းရပါတယ်။ ကျွန်တော်ကတော့နေ့စဉ် သောက်ပါတယ်။
အခုနေ လှမ်းထားတာကဒုတိယအသုပ်လှမ်းတာပါ။ အရင်ရှိပြီးသား ခွေးတောက်ရွက်ခြောက်တွေ ကုန်ခါနီးနေလို့ပါ။ ဓါတ်ဗူးထဲကို ခွေးတောက်ရွက်ခြောက်ငါးရွက်ကို ထည့်ပြီးငါးမိနစ်လောက်နှပ်ထားပြီးမှသောက်ပါ။
အရောင်ကအဝါဖျော့လေးနဲ့ စိမ်းရွှေရွှေအနံ့လေးရပေမယ့် အရွက်အစိုလိုအခါးဓါတ်မပြင်းပဲသောက်လို့အဆင်ပြေပါတယ်။
Credit – Shwe La Thar Win