အိမ်ခေါင်မိုးပေါ် ရုတ်တရက်ပြုတ်ကျလာတဲ့ အရာတစ်ခုကြောင့် အကြီးအကျယ် ချမ်းသာသွားတဲ့ လက်သမားလေး

အိမ်ပေါ်ကို ကျောက်တုံးလိုအရာကြီးကျလာတာကြောင့် အိမ်ခေါင်မိုးကြီးပေါက်ထွက်သွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက လက်သမားလေးကတော့ ဒီအဖြစ်အပျက်ကနေ ပွပေါက်တိုးပြီး သူဌေးဘဝကို ရောက်ရှိသွားခဲ့ပါတယ်။

.

Josua လို့အမည်ရတဲ့ အသက်၃၃နှစ်အရွယ် လက်သမားလေးတစ်ဦးဟာ သူ့ရဲ့နေအိမ်ထဲကနေ မိုးကြိုးပစ်ချလိုက်တဲ့အသံလိုကြားလိုက်ရတာကြောင့် အိမ်ထဲပြေးဝင်ပြီး ကြည့်လိုက်တဲ့အခါမှာတော့ အိမ်ထဲကို ကျောက်တုံးလိုအရာကြီးကျနေတာကို မြင်လိုက်ရပါတယ်။

.

ထိုကျောက်တုံးဟာ ၁၅ စင်တီမီတာခန့်ရှိပြီး ကျောက်တုံးပြုတ်ကျလာတဲ့အရှိန်ကြောင့် အိမ်ခေါင်မိုးလည်းပေါက်သွားခဲ့ပါတယ်။ ကျောက်တုံးအိမ်ထဲပြုတ်ကျလာပုံဟာ ထူးဆန်းတာကြောင့် Josua ဟာ ဒီအဖြစ်အပျက်ကို အင်တာနက်ပေါ် တင်ခဲ့ပါတယ်။

.

ဒီသတင်းဟာ ကမ္ဘာအရပ်ရပ်က လူအများကိုစိတ်ဝင်စားစေခဲ့ပြီး တစ်ချို့ကတော့ ဒါဥက္ကာခဲအပိုင်းအစဖြစ်မယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

.

ဒီလိုကွန်မန့်တွေကြားထဲကမှ Josua ကိုကခုန်မတတ်ပျော်ရွှင်စေခဲ့တဲ့ကွန်မန့်ကတော့သူ့ရဲ့ ဥက္ကာခဲကို ဝယ်ယူချင်တယ်လို့ ကမ်းလှမ်းလာတဲ့ ကွန်မန့်ပဲဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ Josua ဟာ ထိုဥက္ကာခဲကို အမေရိကန်လူမျိုး အမျိုးသားတစ်ဦးဆီရောင်းချခဲ့ပြီး ဥက္ကာခဲရဲ့တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်က ၁၇မီလီယံရရှိခဲ့တယ်လို့သိရပါတယ်။

.

လက်ရှိမှာတော့ Josua ဟာ အိမ်ပေါ်ပြုတ်ကျလာတဲ့ ဥက္ကာခဲကျေးဇူးနဲ့ သူ့ဇာတိမြေလေးမှာ နောင်ရေးအတွက်မပူမပင် နေထိုင်စားသောက်နိုင်ပြီပဲဖြစ်ပါတယ်။

ဒါကြောင့် လှံထမ်းလာတာကို မြင်ရတယ် ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့ဆိုတဲ့စကားလေးအတိုင်းပဲ လက်သမားလေး Josua ကတော့ ကံကောင်းထောက်မပြီး သူဌေးအဖြစ်ကို နေ့ချင်းညချင်းရောက်သွားတယ်လို့ ဆိုရမှာပါပဲ။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )