ဟန်ဆောင်ရည်းစား အလိုရှိနေတဲ့ အမျိုးသမီး၊ တစ်ရက်ကို မြန်မာငွေ (၆)သိန်းပေးမည်ဟုဆို

မလေးရှားနိုင်ငံက တရုတ်မလေးတစ်ဦးဟာ နှစ်သစ်ကူးအမီမှာ ဟန်ဆောင်ချစ်သူတစ်ယောက် အမြန်အလိုရှိနေတယ်လို့ UTAR Confessions အမည်ရ Facebook Page မှာ ဖော်ပြထားပါတယ်။ သူမရဲ့ ဖော်ပြချက်ကို ကူးယူဖော်ပြထားတာလို့လည်း ဆိုပါတယ်။

သူမရဲ့ သတ်မှတ်ချက်ကလည်း များများစားစား မရှိဘဲ၊ သာမန်ရုပ်ရည်ရှိရုံနဲ့ ခဏတာ လက်တွဲဖို့ အဆင်ပြေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ လိုအပ်ချက်တွေကတော့ (၁) ယောက်ျားစစ်စစ် ဖြစ်ရမယ်၊ (၂) ကြည့်ကောင်းရမယ်၊ အရမ်းကြီး ချောမောစရာမလို၊ အရမ်းကြီးလည်း ရုပ်မဆိုးရ (ကျွန်မက မလှပေမယ့် ရုပ်မဆိုးပါဘူး)-

တကယ်လို့ ရုပ်အရမ်းဆိုးနေရင် မိဘတွေက သံသယရှိနိုင်ပါတယ်။ မိဘတွေက ရုပ်ပိုင်းဆိုင်ရာကို အလွန်ဂရုစိုက်ပါတယ်။ (၃) မိဘဆွေမျိုးတွေနဲ့ ပြေပြေလည်လည်း စကားပြောနိုင်ရမယ်၊ (၄) ဟန်ဆောင်ရည်းစားဆိုတာ မသိအောင် သရုပ်ဆောင် ပိရိရမယ် သတိပြုရမှာက အသားကို အလွန်အမင်းထိခြင်း-

မိဘတွေရှေ့မှာ ညစ်ပတ်သောစကားများ ပြောခြင်း မလုပ်ရ၊ (၅) ကားရှိရမယ်၊ (၆) အနည်းဆုံး (၂၁)နှစ် ပြည့်ပြီးဖြစ်ရမယ်၊ လို့ ဖော်ပြထားပါတယ်။ တကယ်လို့ ကိုယ့်မှာ ဒီလိုအရည်အချင်းတွေနဲ့ ပြည့်မီမယ်ဆိုရင် ဆက်သွယ်ပါတဲ့။ နောက်ပြီး တစ်ခြားလုပ်ရန်တွေကိုလည်း ပြောထားပါသေးတယ်။

နှစ်သစ်ကူးရဲ့ ပထမနေ့မှာ မနက်(၉း၃၀)အမီ အိမ်ကို ရောက်လာရမယ်။ သပ်သပ်ရပ်ရပ် ဝတ်စားဖို့ပဲ လိုပါတယ်။ အိမ်မှာ အဲကွန်းတပ်မထားပါ။ စားစရာရှိတာ စားရပါမယ်။ ကျွန်မရဲ့ (၁၁)နှစ်အရွယ် ဝမ်းကွဲမောင်လေးနဲ့ ဆော့ကစားစရာရှိ ဆော့ရပါမယ်။ နေ့လည် (၁၂)နာရီမှာ အမျိုးတွေ နေ့လည်စာ လာစားမယ်။

နောက် အမျိုးတွေက အချစ်ရေးအကြောင်း မေးတဲ့အခါ ကြည့်ကြပ်ပြီး လှိမ့်ရမယ်။ ညနေ (၃း၃၀)ဆို ပြန်လို့ရပါပြီ။ အဲဒီစစ်ဆင်ရေး အောင်မြင်တဲ့အခါ ရင်းဂစ်(၅၀၀) ထုတ်ပေးမယ်။ ကျန်တဲ့ပိုက်ဆံကိုတော့ CIMBClicks ကနေ လွှဲပေးမှာပါ။ သူမကရဲ့အကြောင်းကိုလည်း ပြောထားပါသေးတယ်။

” ကျွန်မက အသက်(၂၇)ပါ၊ အရပ်(၁၄၈)စင်တီ၊ အလေးချိန် (၃၉)ကီလိုဂရမ်၊ UNIMAS က ဘွဲ့ရထားပါတယ်။ KL က ကုမ္ပဏီတစ်ခုမှာ အမှုဆောင် Admin တစ်ဦးပါ .. ဇာတိကတော့ Ipoh မြို့ဖြစ်ပါတယ် … တကယ်လို့ လျှောက်ချင်တယ်ဆိုရင် မက်ဆေ့လှမ်းပို့ပါ “လို့ ဖော်ပြထားပါတယ်။ သူမရဲ့ စစ်ဆင်ရေး အောင်မြင်ရင် စုစုပေါင်း ရင်းဂစ် (၁၈၀၀) ပေးပါ့မယ်တဲ့။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners