
လေ့ကျင့်ခန်းမလုပ်၊ မပြုပြင်ဘဲ အလွယ်ကူဆုံးနည်းလမ်းနဲ့ ၅လအတွင်း ကိုယ်အလေးချိန် 30kg ကို လျော့ချပြခဲ့တဲ့ မိန်းကလေး

ငယ်ရွယ်စဉ်အချိန်ကတည်းက ဝဖြိုးလာတဲ့ သူတွေအတွက်ကတော့ ကိုယ်အလေးချိန်လျော့ချဖို့ အတော်လေးကို ခက်ခဲလွန်းလှပါတယ် ။

ဒီတစ်ခေါက်ဖော့်ပမဲ့ Angel Raighn Flores အမည်ရှိတဲ့ မိန်းကလေးဟာ ကိုယ်အလေးချိန် 85kg ရှိခဲ့တာမို့ ကိုယ့်ကို ကိုယ်အလေးချိန်များပြီး အတော်လေးဝနေခဲ့မှန်း သိနေခဲ့ပါတယ် ။

ကိုယ်အလေးချိန်လျော့ချဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး ။ မိဘတွေ ၊ သူငယ်ချင်းတွေ ကိုယ်တိုင်က သူမကိုယ်အလေးချိန်လျော့ချနိုင်အောင် အားပေးကူညီလေ့ရှိတဲ့အပြင် လိုအပ်တဲ့ အားကစားပစ္စည်းတွေကိုပါ ဝယ်ယူပေးခဲ့ကြပါတယ် ။

ကိုယ်အလေးချိန်ကြောင့် ကိုယ့်ကိုရှက်ကြောက်ပြီး ပါတီပွဲတွေကိုတောင် မတက်ရောက်ရဲတဲ့အထိ ဖြစ်ခဲ့ရပါတယ် ။ ဒါကြောင့် ဆုံးဖြတ်ချက်ချပြီး သူငယ်ချင်းဖြစ်သူနဲ့အတူ gym သွားဆော့ကစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း တစ်လခန့်သာ ဆော့ကစားခဲ့ပြီး လက်လျော့ခဲ့ပါတယ် ။

ဒါပေမဲ့ အစားအသောက် diet နဲ့ ပက်သက်ပြီးတော့ သူမ အမြဲဆက်ပြီး ထိန်းခဲ့ပါတယ် ။ ဆီနဲ့ကြော်ထားတဲ့အရာတွေ ၊ အသားတွေ နဲ့ ထမင်းတွေကို လုံးဝမစားခဲ့ပါဘူး ။

ဒါကြောင့် 5 လကြာပြီးအချိန်မှာတော့ သူမရဲ့ကိုယ်အလေးချိန်မှာ 30kg ခန့် လျော့ကျသွားခဲ့ပါတယ် ။ ပင်ပင်ပန်းပန်းလျော့ချခဲ့ရတာမျိုးမဟုတ်ဘဲ အစားရှောင်တဲ့ပုံစံမျိုးနဲ့သာ ဝိတ်ချခဲ့တာပါ ။ သူမအတွက်တစ်ကယ်ထိရောက်လို့ အခြားသူတွေပါစိတ်ပါဝင်စားရင်တော့ အစားအသောက်ရှောင်တဲ့နည်းနဲ့ ကိုယ်အလေးချိန်လျော့ချနိုင်ပါတယ် ။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners