တညင်းသီး ကြိုက်သူများအတွက် စားပြီးပြီးချင်း အဆိပ်ဖြေပါ

တညင်းသီး ကြိုက်သူများအတွက် စားပြီးပြီးချင်း အဆိပ်ဖြေပါ

ဒေါက်တာ ခင်မောင်လွင်၏ ဟောပြောချက်တွင် တညင်းသီးကို ဓာတ်ခွဲ သုတေသန ပြုကြည့်သောအခါ လူကို အကျိုးပြုသည့် မည်သည့် အဟာရမျှ မပါဝင်ဟု ဆိုသည်။

၎င်းတွင် ပါဝင်သော ဖန်ချောင်းကဲ့သို့သော ကလာပ်စည်း များသည် ကျောက်ကပ်တွင် သွားပိတ်နိုင်သဖြင့် အန္တရာယ်ရှိသည်။

ကျောက်ကပ် ပျက်စီးစေနိုင်သည်။ စားသင့်သည့် အသီးမဟုတ်။ အတိုင်းအတာ မရှိ။ လုံးဝ မစားသင့်သော အသီးမျိုးဖြစ်သည်ဟု တင်ပြထားသည်။

သို့သော် တညင်းသီးကို မြန်မာတို့ စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂ဝဝ ကျော်ခဲ့ပြီဟု သိရှိရသည်။

တညင်းသီးကို ကြိုက်သူများ အတွက် တင်ပြလိုသည်မှာ မြန်မာ့ရိုးရာ ဆေးပညာရှု့ထောင့်များအရ စေးထန် ပျစ်ချွဲသော အာပေါအာဗန္ဓရ အစာဖြစ်သည်။

အာကာသကို ပျက်စေသဖြင့် အပေါက်အခေါင်း များကို ပိတ်စေနိုင်သော အစာဖြစ်သည်။ ထိုအစာကို စားလျှင် အာကာသပွင့်စေတတ်သော အစာနှင့်တွဲဖက်စားသင့်သည်။

တညင်းသီးပြုတ်ကို တို့စရာများအဖြစ် စားလျှင်အဖြေဓာတ်အဖြစ် ရှောက်ရွက်အနည်းငယ်ကို တို့စားပေးပါ။

ပိတ်သော အာကာသဓာတ်ကို ပြန်ပွင့်အောင် ကူညီပေးနိုင်သည်။ တညင်းသီး ပြုတ်လျှင် သကြား အနည်းငယ်နှင့် ရှောက်ရွက် ထည့်ပြီး ပြုတ်ပါ။

နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ်လျော့နည်း စေသည်။ တညင်းသီးကို ရင့်သည့် အသီးရှောင်ပြီးနုသော အသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင် ထည့်ပြီး ဆားရည်စိမ်ထားပါ။

အာကာသ ပိတ်ခြင်း၊ ကျောက်ကပ်တွင် အစေးဓာတ် ပိတ်ဆို့ခြင်းမှ ကာကွယ်နိုင်ပါသည်။ ထမင်း စားသော အခါ ကြိုက်တတ်၍ တညင်းသီး များများ စားမိလျှင်ဖြစ်စေ၊ တညင်းသီး အုန်းနို့ဆမ်းစားမိလျှင်ဖြစ်စေ၊

စားပြီးပြီးချင်း သံပုရ ာဖျော်ရည် တစ်ခွက် သောက်ပေးပါ။ အ ဆိပ် မ တက် စေ နိုင် သာ အ ဖြေ ဓာတ် ဖြစ် ကြောင်း တင် ပြ လိုက် ရ ပါ သည် ။

(လေးစားမှုဖြင့် ခရက်ဒစ်)