တနင်္လာသားသမီးလေးတွေကိုချစ်သူတော်မယ်ဆိုရင်သိထားသင့်တဲ့အချက်မျာ

တနင်္လာသားသမီးလေးတွေကိုချစ်သူတော်မယ်ဆိုရင်သိထားသင့်တဲ့အချက်များတနင်္လာသားသမီးလေးတွေကိုချစ်သူတော်မယ်ဆိုရင်သိထားသင့်တဲ့အချက်တွေကိုဖော်ပြ

ပေးလိုက်ပါတယ်တနင်္လာတွေဟာမိတ်ဆွေပေါများတယ်လူချစ်လူခင်လည်း ပေါများတဲ့နေ့နာမ်ပိုင်ရှင်တွေဖြစ်တယ်ဒေါသထွက်တတ်ပေမယ့်အပြင်မှာထုတ်ပြီးအရမ်းမပွားပါဘူး

မိသားစုအပေါ်မှာဆိုရင်တော့နည်းနည်းစိတ်မရှည်တတ်ဘူးအစွဲအလန်းကြီးပါတယ်တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာပဲစွဲလမ်းနေတတ်တယ်စကားပြောရင်ဆွဲဆောင်မှုရှိစွာနဲ့

ပြောဆိုတတ်တာတနင်္လာလေးတွေပါခင်ရတဲ့အပေါင်းအသင်းနဲ့စကားပြောနေချိန်စိတ်ရှည်စွာနဲ့စိတ်ဝင်တစားလက်ခံနားထောင်ပေးတတ်တယ်ကိုယ်ကိုတိုင်လည်းပျော်ရွှင်စွာနဲ့နေ

တတ်သလိုသူများကိုပျော်ရွှင်မှုတွေ တခါတရံဖန်တီးပေးတတ်တယ်သူငယ်ချင်းတွေမိတ်ဆွေတွေကိုမက်မောစွာနဲ့ခင်တွယ်တတ်တယ်အလုပ်လုပ်တဲ့နေရာမှာလည်းစဉ်စား

တွေးခေါ်နိုင်စွမ်းရှိတယ်စိတ်ကူးအမြင်ကျယ်တယ်။ ဗူးဆိုဖရုံမသီးတတ်ပါဘူးဖြစ်ချင်တာကိုအမြန်ဆုံးအကောင်အထည်ဖော်ရမှကျေနပ်တာတနင်္လာပါတခါတလေတော့အလုပ်

လုပ်တဲ့နေရာမှာဖြစ်ချင်တာနဲ့ဖြစ်သွားတာနဲနဲလေးလွဲချော်နေတတ်တယ်တနင်္လာတွေဟာကိုယ့်ရဲ့ရှေ့မှာစိတ်မကောင်းစရာ တစ်ခုခုတွေ့မြင်ရရင်သနားတတ်တယ်တတ်နိုင်ရင်ကူညီလို

တဲ့စိတ်အပြည့်အဝရှိပါတယ်သို့ပေမဲ့ကိုယ်မကြိုက်တဲ့အရာဆိုရင်တော့စိတ်လက်ပြတ်သားတယ်လူတစ်ယောက်ကိုခင်ရင်လည်းသံယောဇဉ်ရှိစွာနဲ့ပေါင်းသင်းတတ်ကြပါတယ်ကိုယ့်

အပေါ် ကောင်းတဲ့လူဆိုရင်မမေ့တတ်စွာနဲ့လိုက်လျောညီထွေစွာခင်မင်တတ်တယ်ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာတနင်္လာပါတနင်္လာတွေဟာလူတစ်

ယောက်ရဲ့စိတ်ကိုအတွင်းကျကျလေ့လာတတ်တယ်စကားပြောတဲ့နေရာမှာလည်း ပွင့်လင်းမှုရှိတယ်ကိုယ်မကြိုက်တဲ့အရာတွေကိုပြောချင်တဲ့စကားရှိရင်အားမနာတမ်းတိုက်ရိုက်

ပြောတတ်တာတနင်္လာပါတနင်္လာတွေဟာမှန်နေရင်ဘာကိုမှဂရုမစိုက်ပဲနေသလောက်၊ မှားနေရင်တော့တောင်းပန်ဖို့လည်းဝန်မလေးတတ်ကြပါဘူးအပေါင်းအသင်းတွေကြားမှာလည်း

ယုံကြည်မှုအပြည့်အဝရှိရှိနဲ့ နေတတ်တာတနင်္လာပါတနင်္လာလေးတွေဟာစိတ်ကူးယဉ်ဆန်တယ်အားနေတဲ့အချိန်တွေမှာစာဖတ်တာတွေဗဟုသုတတွေ ကိုလေ့လာရတာနှစ်သက်တဲ့နေ့နာမ်တွေဖြစ်ပါတယ်နော်

credit orginal