လက်ဖဝါးမှာ M ပုံသဏ္ဍာန် ပါသူတွေရဲ့ သူများနဲ့ မတူတဲ့ ထူးခြားချက်များ

လက်ဖဝါးမှာ ‘M’ အက္ခရာရှိသူတွေဟာ တမူထူးခြားနေသူတွေဖြစ်တယ် . . .ဘာလို့လဲဆိုတော့

No Commentson လက်ဖဝါးမှာ ‘M’ အက္ခရာရှိသူတွေဟာ တမူထူးခြားနေသူတွေဖြစ်တယ် . . .ဘာလို့လဲဆိုတော့

လက်ဖဝါးရှိ လက္ခဏာကောက်ကြောင်းလေးတွေက မိမိဝိသေသလက္ခဏာနဲ့ ကံကြမ္မာကို ဖော်ညွန်းနေတာလို့ ဆိုကြပါတယ်။

ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန် အက္ခရာစလုံးရှိသူတွေဟာ တမူထူးခြားသူလို့ ဆိုပါတယ်။

အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူးခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လို့လည်း ဆိုကြပါတယ်။

မိမိချစ်ရသူတစ်ယောက်က လက်ဖဝါးမှာ M အက္ခရာ ရှိပါက အချက်တစ်ချက်ကို သိထားရပါမယ်။

နောက်ပြောင်ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်းနဲ့ ကလိမ်ကျခြင်းတွေ လုံးဝ မလုပ်မိဖို့ပါပဲ။

လုပ်မိသွားရင်တော့ သင့်ကို လိမ်ညာပြောတတ်သူလို့ သူ အမြဲသတ်မှတ်နေပါလိမ့်မယ်။

လက်ဖဝါးမှာ M အက္ခရာစလုံးရှိတဲ့ အမျိုးသမီးတွေမှာ အမျိုးသားများထက် ဝမ်းတွင်းအသိ ပိုပြင်းထန်ကြပါတယ်။

လင်မယားနှစ်ယောက်လုံးမှာရှိပါက အမျိုးသမီးမှာ ပိုမိုအားကောင်းနေပါသေးတယ်။

ဒီပုဂ္ဂိုလ်တွေဟာ ဘဝမှာ သူတို့လုပ်လိုတဲ့ အပြောင်းအလဲများ ဆောင်ရွက်ဖို့ အစွမ်းအစကို ပိုင်ဆိုင်ထားကြပါတယ်။

ဒါ့ကြောင့် ဘဝမှာ အခွင့်အလမ်းကို လက်မလွှတ်တမ်း အသုံးချဖို့ လိုအပ်ပါတယ်။

ရှေးရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ ပရောဖက်အားလုံး လက်ဖဝါးမှာ ဒီလက္ခဏာ ရှိကြပြီး

သင်က လက်ဖဝါးမှာ M ပုံသဏ္ဍာန်ပိုင်ဆိုင်ထားသူ ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါက သင်ဟာ တမူထူးခြားသော လူပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း သိမှတ်ရပါမယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners