နားချိန် မရှိလို့ ထမင်းကိုတောင် သင်္ချိုင်းက ဇရပ်မှာပဲ ကြုံသလို စားနေကြရတဲ့ ပရဟိတ သူရဲ ကောင်း တွေ

နားချိန်မရှိလို့ ထမင်းကိုတောင် သင်္ချိုင်းကဇရပ်မှာပဲ ကြုံသလိုစားနေကြရတဲ့ ပရဟိတသူရဲကောင်းတွေ…. နားချိန်မရှိလို့ ထမင်းကိုတောင် သင်္ချိုင်းကဇရပ်မှာပဲ ကြုံသလိုစားနေကြရတဲ့

ပရဟိတသူရဲကောင်းတွေရဲ့ ပုံရိပ်တစ်ချို့ အကူအညီလိုတဲ့အချိန်တွေမှာ အမြဲအသင့်ရှိပေးနေတဲ့ ပရဟိတသမားတွေဟာ ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံတတ်ကြသူတွေပါ။

ဒီနေ့မှာလည်း ပရဟိတအကျိုးတော်ဆောင်တွေဟာ ကူညီရတာတွေ များလွန်းလို့ ထမင်းကိုတောင်အချိန်သပ်သပ်ပေးပြီး အေးအေးလူလူမစားနိုင်တော့ဘဲ သင်္ချိုင်းက ဇရပ်လေးမှာ ဖြစ်သလိုထမင်းဗူးလေးတွေဖွင့်ပြီးစားနေကြတဲ့ ပုံရိပ်တွေဟာ မြင်သူတိုင်းကို ဂရုဏာသက်မိစေပါတယ်။

ဒီလိုအကျပ်အတည်းကာလတွေမှာဆို လုံးဝအားလပ်ချိန်မရှိအောင် ဒုက္ခရောက်နေသူတွေအတွက် အချိန်မီကူညီပေးနေကြတာမို့ ကျေးဇူးတင်စရာကောင်းလွန်းပါတယ်။ အကျပ်အတည်းကာလတွေကို အချင်းချင်းအပြန်အလှန်အကူအညီနဲ့ဖြတ်ကျော်ပြီး ရွှေရောင်တောက်ပတဲ့ အနာဂတ်နေ့သစ်တွေဆီကို ချီတက်ကြရမှာပါ။

ပရဟိတသမားတွေရဲ့ စေတနာဟာ တကယ်ကို ပြောင်မြောက်ပြီး အနစ်နာခံကူညီတဲ့ စွန့်လွှတ်စွန့်စားစိတ်ကတော့ လေးစားစရာကောင်းလွန်းပါတယ်။

ပုံစံမျိုးစုံ ဒုက္ခမျိုးစုံတွေကို နေ့စဉ်နဲ့အမျှမြင်တွေ့ပြီး ဖေးမကူညီဖို့ဆိုတာ တော်ရုံလူတစ်ယောက်အနေနဲ့ ရေရှည်မှာအဆင်မပြေနိုင်ပါဘူး။ပရဟိတသမားတွေဟာ နှလုံးသားနူးညံ့သူတွေမို့ သူများထက်ပိုပြီး ခံစားစာနာပေးနိုင်ကြပါတယ်။ ဒါကြောင့်လည်း အများအကျိုးဆောင်တဲ့လုပ်ရပ်တွေကို အားသွန်ခွန်စိုက်လုပ်နေကြတာပါ။

ဒီလိုလူတွေအတွက် နေ့စဉ်နဲ့အမျှကြုံတွေ့ရတဲ့ ဒုက္ခတွေ စိတ်ဆင်းရဲမှုတွေဟာ အပြင်းထန်ဆုံး စိန်ခေါ်မှုတွေ ပါပဲ။ ဒါတွေကိုပဲမရရအောင်အားတင်းပြီး လူထုအတွက်ကူညီပေးချင်တဲ့စိတ်ဟာ ဘာနဲ့မှလဲလို့မရအောင် အဖိုးတန်ပါတယ်။

ဒီနေ့မှာလည်း ပရဟိတသူရဲကောင်းတွေရဲ့ နေ့လည်စားစားနေတဲ့ပုံရိပ်တွေကို ” VVIP စားသောက်ခန်းမဆောင်မှာ နေ့လည်စာ သုံးဆောင်ခြင်း ” ဆိုပြီး ခပ်နောက်နောက်လေးတင်ထားတာပဲ ဖြစ်ပါတယ်။

ပျော်စရာမကောင်းတဲ့အခြေအနေတွေမှာတောင် ကိုယ်တိုင်ရဲ့ပျော်ရွှင်မှုကိုရအောင်ရှာဖွေပြီး ပြည်သူတွေကိုကူညီပေးကြတဲ့ ပရဟိတအကျိုးတော်ဆောင်တွေ အေးချမ်းသာယာပြီး ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သတင်းအရင်းမြစ်: Pyae Phyo Kyaw