ဇနီးသည်က အခြား အမျိုးသားတစ်ဦးနဲ့ လက်ထပ် ထိမ်းမြားနေတဲ့ ဗီဒီယိုကို အံ့သြထိတ်လန့်စွာ တွေ့ရှိခဲ့ရတဲ့ အ မျိုး သား

အသက် ၃၅နှစ်အရွယ် ယဉ်ချန်း အမည်ရှိ အမျိုးသားတစ်ဦးဟာ သူ့မွေးရပ်မြေဖြစ်တဲ့ တရုတ်နိုင်ငံ Bayannur မြို့ထဲမှာဆိုရင် သူ့လိုအရွယ်ကို “သက်ကြီးရွယ်အိုလူငယ်” ဆိုပြီး သတ်မှတ်ထားဒါကြောင့် မိသားစုဝင်တွေက သူ့ကို ကြင်ဖော်ကြင်ဖက်ရှာရန် တွန်းအားပေးခဲ့ပါတယ်။

သို့ပေမဲ့လည်း ယနေ့ခေတ်တရုတ်နိုင်ငံမှာ မိန်းမရှာတဲ့အလုပ်ဟာ လွယ်ကူတဲ့အလုပ် မဟုတ်တဲ့အတွက်ကြောင့် လီ ဆိုတဲ့ မိန်းကလေးတစ်ဦးဟာ ယခုနှစ်အစောပိုင်းက လက်ထပ်ပြီးခါစ အမျိုးသမီး ဖြစ်သူ နာနာ နဲ့ အောင်သွယ်ပေးခဲ့ပါတယ်။

ယဉ်ချန်း ဟာ နာနာ နဲ့ video call တွေ ပြောဆိုပြီးတဲ့နောက် Bayannur မြို့ကို လာဖို့ နာနာ ကို ဖိတ်ခေါ်လိုက်ပါတယ်။ နာနာဟာ လက်ထပ်ထားပြီးသားအမျိုးသမီးဖြစ်နေတာကို ယဉ်ချန်းက မသိခဲ့ပါဘူး။

ယဉ်ချန်းရဲ့ဖခင်ဟာ နာနာနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံလိုက်တဲ့အခါမှာ သူမရဲ့မိဘတွေနဲ့ ဖြစ်နိုင်ရင် အမြန်ဆုံး တွေဆုံလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့လည်း နာနာဟာ ကျေးရွာမှာ သူမရဲ့မိဘတွေ အိမ်ဆောက်လုပ်နေတာမို့ အလှုပ်ရှုပ်နေတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ယဉ်ချန်းနဲ့ လက်ထပ်ယူဖို့ လျော်ကြေးပေးခြင်းအနေဖြင့် လျော်ကြေးစာချုပ်မချုပ်ဆိုမီ အရင်က သူမ တရားဝင်လက်ထက်ခဲ့ပါက သဘောတူညီမှုမှာ သူမရှုံးနိမ့်မည်ဖြစ်ကြောင်း နာနာက ပြောကြားခဲ့ပါတယ်။

၎င်းသဘောတူညီချက်ကို ယဉ်ချန်းရဲ့ဖခင်က သဘောတူညီခဲ့ပါတယ်။ယဉ်ချန်းနဲ့ နာနာ တို့ဟာ ဇန်နဝါရီလမှာ လက်ထပ်ခဲ့ပြီး နာနာဟာ ယွမ် ၁၄၈၀၀၀(ဒေါ်လာ ၂၃၅၀၀)နဲ့ လက်ဝတ်ရတနာ‌တွေ၊ အခြားသောမင်္ဂလာလက်ဆောင်များစွာရရှိခဲ့ပါတယ်။

လက်ထပ်ပြီး ၃ရက်နေ့အကြာမှာဘဲ နာနာဟာ သူမရဲ့အမေ့အိမ်ကိုပြန်သွားဖို့ သူမရဲ့ ခင်ပွန်းအသစ်ဖြစ်တဲ့ ယဉ်ချန်းကို ပြောခဲ့ပါတယ်။သူမ တစ်ပတ်လောက်နေပြီး ပြန်လာတဲ့အခါမှာ နှစ်ရက်လောက်က သူမအမေရဲ့အလုပ်တွေလုပ်ကူတယ်ဆိုပြီး ယဉ်ချန်းကိုပြောလိုက်တာပါ။

သို့ပေမဲ့ ယဉ်ချန်းက သူ့ဇနီးကို လုံးဝ သံသယမဝင်ခဲ့ပါဘူး။နောက်တော့ ယဉ်ချန်းဟာသူ့အကြိုက်ဆုံး ဗီဒီယိုတစ်ခုဖြစ်တဲ့ Tiktok ပေါ်က မင်္ဂလာဆောင်အတိုလေးတစ်ပုဒ်ကို တွေ့ခဲ့ပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners