
အဌာရသ (၁၈) ရပ်် ဆိုသည်မှာ
ရှေးသမိိုင်း ၊ ပုံပြင် ၊ ဒဏ္ဍာရီများကိိုဖတ်မိလျှင် ဘုရင်မျိုးနွွယ် ၊ မင်းညီမင်းသားများသည်် အရွယ်ရောက်ပါက တက္ကသိုလ်ပြည် သို့သွားကာ ဒီသာပါမောက္ခဆရာကြီးထံတွင်
အဌာရသ ပညာရပ်များကို သင်ကြားတဲ့အကြောင်း မကြာခဏတွေ့ဖူးပါလိိမ့်မယ်။မသင်မဖြစ်သင်ရတဲ့ ပညာတွေလို့ ဆိုပါတယ်။
ထိို ယောက်ျား တိို့တပ်အပ်သော အဌာရသ (၁၈) ရပ် တိို့မှာ အမျိုးအစား စုံလင်လှသည်။ ထိုအထဲမှ တစ်မျိုးလောက်သာ ထူးချွန်လျှင် ဆရာတစ်ဆူလုပ်လို့ရသည်။
(၁၈) မျိုးစလုံး တတ်လျှင်ကား ဆိုဖွယ်ရာ မရှိတော့။
စာတွေထဲမှာတော့ ဒီပညာ (၁၈) ရပ် အတွက် သင်ကြားချိိန် က ၃ နှစ် လို့ကြားဖူးပါတယ်။
၃နှစ်တည်းနဲ့ ဒီီလောက်စုံလင်တဲ့ လက်ရုံးရည်် နှလုံးရည် ပညာတွေကို ဘယ်လိုသင်သလဲ ဆိုတာကတော့ စဉ်းစားစရာပင်။
ဒါမှမဟုတ် ယခုခေတ် နှစ်သက်ရာ မေဂျာယူသလို သူတို့်လည်း တစ်မျိုးစီ အထူးပြုယူလေသလား မပြောတတ်ပါ။
ထိို အဌာရသ ပညာရပ် ၁၈ ရပ်က ဘာတွေလဲ။ မသိသေးသူများအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။ အဌာရသ ၁၈ ရပ်မှာကား အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ အကြားအမြင်အတတ်် (သုတိိ)
၂။ ဓမ္မသတ်တတ်ကျွမ်းမှုအတတ် (သမ္မုတိ)
၃။ အရေအတွက်် ဂဏန်းသင်္ချာ အတတ်(သင်္ချာ)
၄။ တံံစည်း ၊ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်(ယောဂါ)
၅။ အကျင့်ဆို်င်ရာ ဆုံးမမှု အတတ် (နိတိ)
၆။ ယာယီ ၊ ယတြာ စသောဗျာကရို်ဏ်အတတ် (ဝိသေသကာ)
၇။ သီဆို်ကခုန်မှု ကဗျာ၊ ဂီတ၊ လင်္ကာ အတတ် (ဂန္ဓဗ္ဗာ)
၈။ လက်ဆစ်ချိုး၍ ရေတွက်ဟောပြောသော အတတ်် (ဂဏိကာ)
၉။ လေးမြှား အတတ် (ဝနုဗေဒါ)
၁၀။ ရှေးဟောင်းစကား ၊ ကျမ်းဂန်် အတတ်(ပုရာဏ)
၁၁။ ဆေးပညာ အတတ်(တိကစ္ဆက)
၁၂။ ရယ်ရွှင်ဖွယ်် အတတ် (ဣတိဟာသ)
၁၃။ ဗေဒင် အတတ် (ဇောတိ)
၁၄။ ဖုံးကွွယ်လှည့်ပတ်မှု အတတ်(မာယာ)
၁၅။ ဆန်းကျမ်း အတတ် (ဆန္ဒတိ)
၁၆။ သံတမာန် အတတ် (ကေတု)
၁၇။ မန္တန်် အတတ် (မန္တာ)
၁၈။ သဒ်ဒါတတျကြှမျးမှု အတတ် (သဒ်ဒါ)
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners