လူတိုင်းမှာ ကိုယ့်ကိုစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ မိမိကို ဘယ်ပုဂ္ဂိုလ်စောင့်ရှောက်နေသလဲ သိချင်ရင် တွက်ကြည့်ပါ

လူတိုင်းမှာ ကိုယ့်ကိုစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ မိမိကို ဘယ်ပုဂ္ဂိုလ်စောင့်ရှောက်နေသလဲ သိချင်ရင် တွက်ကြည့်ပါ

လူတိုင်းစိတ်ဝင်စားဆုံးတစ်ခု့ ရှိပါတယ်။ အရေးကြုံရင် အားကိုး ရှာစမြဲပါ။ တခါတရံ အလွန်အမင်း သတ္တိရှိပါတယ်ဆိုတဲ့သူတွေတောင် အခက်အခဲ အကျပ်အတည်း ကြုံတွေ့လာရင် အားငယ်ကြောက်စိတ်တွေ ဝင်လာတက်ပါတယ်။ အဲ့လို အချိန်အခါ မျိူးမှာ အားက်ုးရှာတက်ပါတယ်။

ဘုရား တရား သံဃာ မိဘ ဆရာ အနန္တော အနန္တ ငါးပါးအား တိုင်တည်တက်သိမှတ်သမျှ ဂါထာတွေရွတ်ပေါ့။ ဒါနဲ့ အားမရဘူး ဆိုပါတော့၊ မိမိအားစောင့်ရှောက် နေသော ပုဂ္ဂိုလ်ရှိတာပဲ၊ ဘာအရေးလဲ၊ ဘာ ကြောက်ရမလဲ။ မိမိအစောင့်က ဖယ်ရှားပစ်လိမ့်မယ်။ ဒီအချက်ကို ကြိုတင်သိပြီး ကိုးကွယ်ချင်မှာပဲ။

မိမိအားစောင့်သော ပုဂ္ဂိုလ် ကို မဟာဘုတ်အရ တွက်ကြည့်လို့ရပါတယ်။ မိမိအားစောင့်ရှောက်နေသောပုဂ္ဂိုလ်ကို ယုံကြည်စွာကိုးကွယ်နိုင်ပါက ရန်အပေါင်းကင်းကွာ လာဘ်ရွှင်အကျိူးများ ခံစားရပြီး လိုရာဆန္ဒပြည့်ဝပါလိမ့်မယ်။ မိမိအား စောင့်ရှောက်သော ပုဂ္ဂိုလ်များက ကောင်းစွာစောင့်ရှောက်ပါလိမ့်မယ်။

တွက်နည်း။မွေးတဲ့ ခုနှစ် လ ရက် နေ့ နာရီ တို့ကို မဟာဘုတ် (၅) ခွင် ချရပါမယ်။

၁။ မူလ သက္ကရာဇ်ကိုတည် (၇) နဲ့စား ရတဲ့အကြွင်းကို မဟာဘုတ် တိုင်ထူပါ။

၂။ မွေးတဲ့လကို တန်ခူးလမှစ၍ ရေတွက်ရတဲ့ သင်္ချာကို (၇) နဲ့ စား ရတဲ့အကြွင်းကို မဟာဘုတ်တိုင်ထူပါ။

၃။ မွေးတဲ့ရက်ကို လပြည့်ကျော်ရင် (၁၅) နဲ့ ထပ်ပေါင်း ပြီး ရတဲ့ နံပတ်ကို (၇) နဲ့စား အကြွင်းကို မဟာဘုတ် တိုင်ထူပါ။

၄။ မွေးတဲ့နေ့ကို မဟာဘုတ်တိုင်ထူပါ

၅။ မွေးတဲ့အချိန်ကို (၇) နဲ့စား ရတဲ့အကြွင်းကို မဟာဘုတ် တိုင်ထူပါ။ (မိနစ်စွန်းလျှင် နာရီမှာ (၁) တိုးရပါမယ်)။

၆။ အဲ့ဒီမဟာဘုတ် (၅) ခွင်မှာ မူလဘုတ် ဟောခွင် (မူလ သက္ကရာဇ် မွေးနံ) ဋ္ဌာနက ဂြိုလ်လေးလုံးကိုယူပြီး သင်္ချာအရ ပေါင်း မွေးနံပါ သင်္ချာကိုပါ ထပ်ပေါင်း၊ ပြီးရင် (၇) နဲ့စားပါ။ ရတဲ့အကြွင်းကို မဟာဘုတ်တိုင်ပြန်ထူပါ။

အဖြေဟောကိန်းတွေကတော့။တနင်္ဂနွေ ဖြစ်ခဲ့ရင် ထွက်ရပ်ပေါက် လူပုဂ္ဂိုလ် စတဲ့ ပုဂ္ဂိုလ်ထူးကြီးများ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘဝကဖခင် အတိပ်ဘဝကဖခင် ဝိဇ္ဇာကြီးများက စောင့်ရှောက်ပါတယ်။

တနင်္လာ ဖြစ်ခဲ့ရင် ကွမ်ရင်မယ်တော် ဘဝဟောင်းကမိခင် လက်ရှိဘဝမှာ ကွယ်လွန်သွားသောမိခင် ကြီးဒေါ် အဒေါ် လက္ခုမီး မယ်တော်များကစောင့်ရှောက်ပါတယ်။

အင်္ဂါ ဖြစ်ခဲ့ရင် အောက်နတ်(၃၇)မင်း ဇော်ဂျီများ ရုက္ခစိုးများ မကျွတ်မလွပ်သူများ ( ပရလောက သား များ ) စန္ဒီမယ်တော် ဂန္ဓဗ္ဗ နတ်မင်းများကစောင့်ရှောက်ပါတယ်။

ဗုဒ္ဓဟူး ဖြစ်ခဲ့ရင် ဝိဇ္ဇာကြီးများ ( ထုံကျင့်ရပြီးသွားသောပုဂ္ဂိုလ်အားလုံး ) ရေစောင့်နတ် ရွာစောင့်နတ်ရုက္ခစိုးနတ် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ ရဟန်း ပုဂ္ဂိုလ်များ စောင့်ရှောက်ပါတယ်။

ကြာသပတေး ဖြစ်ခဲ့ရင် ဗြဟ္မာကြီးများ ရဟန္တာ ပုဂ္ဂိုလ်များ ရှင်သီဝလိ ရှင်ဥပဂုတ္တ ရှင်ဗာကူလစသော ရဟန္တာများ အထက်လမ်း ဂိုဏ်းဆရာများပြဒါးဝိဇ္ဇာ အင်းဝိဇ္ဇာ များကစောင့်ရှောက်ပါတယ်

သောကြာ ဖြစ်ခဲ့ရင် သူရဿတီမယ်တော်သံသေ ဝိဇ္ဇာကြီးများ မိခင်ဘက်က အဖွား ကွယ်လွန်ပြီးဖြစ်တဲ့ သမီးမယ်တော် များစောင့်ရှောက်ပါတယ်

စနေ ဖြစ်ခဲ့ရင် (၃၇) မင်း အောက်နတ်များမကျွတ်မလွတ်သေးသော ပုဂ္ဂိုလ် (ပရ လောကသား မိမိနှင့်ဆွေမျိူးတော်စပ်ဘူးသူ) လောကီကျင့်စဉ်နဲ့ကျင့်နေသော ပုဂ္ဂိုလ်များသမထနဲ့ ကိစ္စ ပြီးနေသော ပုဂ္ဂိုလ်များစောင့်ရှောက်ပါတယ်။

ယုံကြည်ခြင်း မယုံကြည်ခြင်းသည် သင်နှင့်သာ ဆိုင်ပါသည်။ အငြင်းပွားဖွယ်ရာ မဖြစ်လိုသော ပိုစ့်တစ်ပုဒ်ဟုမှတ်ယူပါ။ လွန်ခဲ့သော (၁၈) နှစ်က သင်ကြားပြသပေးသွားပါသော ဆရာအား ဦးညွှတ်လျက်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော‌နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners