မိန်းမ ဆုံးသွားလို့ မခံစားနိုင်ဘဲ ရူးသွပ်သွားတဲ့ ဖခင်ကို ပြုစုစောင့်ရှောက် နေတဲ့ သားတွေရဲ့ စိတ်မကောင်းစရာ အဖြစ်

ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာအနက် ကံအကောင်းဆုံးလူသားတွေကိုညွှန်ပါပြဆိုရင် မိခင်ဖခင်ရဲ့ ပြုစုပျိုးထောင်မှုအောက်မှာနေရင်း ကြီးပြင်းခဲ့ရတဲ့သားသမီးတွေဟာ ကံအကောင်းဆုံးလို့ ဆိုရမှာပါပဲ။

.

ဒါပေမဲ့ အခုတင်ပြထားတဲ့ ဓာတ်ပုံထဲက ကလေးငယ်၂ဦးကတော့ မိဘ၂ဦးရဲ့အရိပ်ကို ကောင်းကောင်းမခိုလှုံရတဲ့ သနားစရာလူသားလေးတွေပဲဖြစ်ပါတယ်။

.

ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မိခင်ကို ငယ်စဉ်ကတည်းကဆုံးရှုံးခဲ့ရပြီး ဖခင်မှာလည်း ဆုံးပါးသွားတဲ့ဇနီးသည်ကိုတမ်းတရင်း ကျန်းမာရေးထိခိုက်ကာ စိတ်ဝေဒနာခံစားနေရတဲ့အတွက် ကလေးငယ်တွေကို ဂရုတစိုက်နဲ့ မစောင့်ရှောက်ပေးနိုင်လို့ပဲဖြစ်ပါတယ်။

.

.

ဒီကလေးငယ်၂ဦးဟာ စိတ်ဝေဒနာသည်ဖခင်ကို ပြုစုစောင့်ရှောက်နေရရုံသာမက ဖခင်ဖြစ်သူဟာ တစ်ခါတစ်ရံ သူတို့မသိအောင် အပြင်ထွက်သွားတတ်တာကြောင့် ဖခင်ထွက်သွားတဲ့အချိန်တွေမှာလည်း ငိုကြွေးရင်းနဲ့ ဖခင်ကို လိုက်လံရှာဖွေကြရရှာပါတယ်။

.

ဒီကလေးငယ်လေး ၂ယောက်ရဲ့ ဇာတ်ကြောင်းကတော့ သနားစရာပါပဲနော်။

.

.

ကြားရသူတိုင်း စိတ်ထိခိုက်ရတဲ့ ဘဝကိုပိုင်ဆိုင်ထားတဲ့ ကလေးငယ်၂ဦးဟာ စိတ်ဝေဒနာသည်ဖခင်ကို ပြုစုနေရတာ ၅ နှစ်ကြာခဲ့ပြီဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်ပင် လောကဓံရဲ့ရိုက်နှက်မှုကို ခံနေရသူတွေလည်းဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )

.

.