သင့်ရေချိုးခန်းထဲမှာ မထားသင့်တဲ့ ပစ္စည်း (၇)မျို

သင့်ရေချိုးခန်းထဲမှာ မထားသင့်တဲ့ ပစ္စည်း (၇)မျိုး

ရေချိုးခန်းထဲမှာထားရင် ကောင်းတာထက် ဆိုးကျိုးတွေကို ပိုဖြစ်စေနိုင်တဲ့ ပစ္စည်း (၇)မျိုးရှိပါတယ်။

၁။ မိတ်ကပ်ဘရပ်

မိတ်ကပ်ဘရပ်တွေကို မှန်မှန်သန့်ရှင်းပေးဖို့နဲ့ ဘက်တီးရီးယားကြီးထွားမှုမဖြစ်အောင် စနစ်တကျခြောက်သွေ့စေဖို့ အရေးကြီးပါတယ်။

ဘရပ်တွေကို ဆေးကြောပြီးတာနဲ့ ခြောက်သွေ့တဲ့နေရာမှာ ခွက်တစ်ခွက်ထဲထည့်ထားတာက ပိုကောင်းပါတယ်၊

ရေချိုးခန်းထဲက ပူနွေးစိုစွက်တဲ့လေထုက မှိုနဲ့ ဘက်တီးရီးယားတွေ ပျံ့နှံ့စေဖို့ အားပေးပါတယ်။

သွားတိုက်တံလိုပဲ ဘက်တီးရီးယားပိုးမွှားတွေ ကပ်ညှိနေနိုင်တာကြောင့် ရေချိုးခန်းထဲမှာ မထားသင့်ပါဘူး။

၂။ ရေမွှေး

အမွှေးအကြိုင်တွေကို ရေချိုးခန်းထဲမှာ သိမ်းဆည်းခြင်းက သူတို့ရဲ့ မော်လီကျူးဖွဲ့စည်းပုံကို ပျက်စီးစေပြီး ၎င်းတို့အား အချဉ်ပေါက်စေပါတယ်။

သင်နှစ်သက်တဲ့ ရေမွှေးကို ကြာရှည်ထိန်းသိမ်းထားချင်ရင် ရေချိုးခန်းအပြင်ဘက်က ဗီဒိုထဲမှာ သိမ်းဆည်းထားပါ။


၃။ မျက်နှာသုတ်ပုဝါ

သင်အသုံးပြုတဲ့ ရေလဲပုဝါတွေကို ရေချိုးခန်းထဲမှာ ထားတာ မကောင်းပါဘူး ။

နွေးထွေးမှုနဲ့ စိုထိုင်းမှုက ရေချိုးခန်းကို ဘက်တီးရီးယားတွေအတွက် မွေးမြူရေးမြေအဖြစ် ပြုလုပ်ပေးပါတဘ်။

မျက်နှာသုတ်ပုဝါတွေမှာ ပိုးမွှားတွေကပ်ညှိပြီး နောက်ပိုင်းမှာ ကျွန်မတို့ရဲ့အရေပြားကို ပိုးမွှားတွေ လွှဲပြောင်းပေးပါလိမ့်မယ်။

အကောင်းဆုံးကတော့ towels တွေကို ၃ကြိမ်သုံးပြီးရင် လျှော်ဖွပ်သင့်ပါတယ်။ နောက်တစ်ခေါက် ပြန်မသုံးခင် လုံးဝခြောက်သွေ့နေအောင် လုပ်သင့်ပါတယ်။

၄။ Razors

ရေငွေ့နဲ့ စိုထိုင်းဆတည်ဆောက်ခြင်းက သင့်အရေပြားကို ပျက်စီးစေနိုင်တဲ့ ဓါးသွားတွေကို သံချေးတတ်စေနိုင်ပါတယ်။

စနစ်တကျ သန့်ရှင်းပြီး ခြောက်သွေ့စေရင်တောင် စိုထိုင်းတဲ့ ရေချိုးခန်းပတ်ဝန်းကျင်မှာ သိုလှောင်ထားခြင်းက သင့်ရဲ့ သင်တုန်းဓါး သက်တမ်းကို တိုစေပါလိမ့်မယ်။

၅။ Face creams

သင့်အသားအရေခရမ်ဘူးကို တင်းတင်းကျပ်ကျပ် မပိတ်ထားတဲ့အခါ ရေချိုးခန်းထဲက စိုစွက်တဲ့လေထုက ယားယံခြင်း (သို့) ဝက်ခြံတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ကြီးထွားစေပါတယ်။

ပြီးတော့ သင်ရေပူနဲ့ ချိုးတဲ့အချိန်တိုင်း အပူက ပါဝင်ပစ္စည်းတွေကို သီးခြားစီဖြစ်စေပါတယ်။

သင့် skin care တွေကို သိမ်းဆည်းဖို့ အကောင်းဆုံးနေရာက ရေချိုးခန်းအပြင်ဘက်က ခြောက်သွေ့တဲ့ အံဆွဲ (သို့) ရေခဲသေတ္တာထဲမှာ ဖြစ်ပါတယ်။

၆။ သင့်ရဲ့ဖုန်း

အိမ်သာတတ်ချိန် ဖုန်းအသုံးပြုခြင်းက အကြံကောင်းမဟုတ်ပါဘူး။ ထို့အပြင် ဖုန်းကို ရေချိုးခန်းထဲ ယူသွားခြင်းကလည်း safe မဖြစ်ပါဘူး။

၇။ သွားတိုက်တံ

အိမ်သာကို အဖုံးဖွင့်လိုက်တာနဲ့ ပိုးမွှားတွေက ၁၅ပေအထိ ပျံ့နှံ့သွားနိုင်ပြီး ဘက်တီးရီးယားက သင့်သွားတိုက်တံတစ်လျှောက်လုံးမှာ ကပ်ညှိနေပါလိမ့်မယ်။

သွားဆရာဝန်တွေက သင့်သွားတိုက်တံကို တတ်နိုင်သမျှ အိမ်သာနဲ့ ဝေးတဲ့နေရာမှာ၊ လုံးဝခြောက်သွေ့တဲ့ နေရာမှာထားဖို့ အကြံပြုထားပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners