၅ မိနစ်အချိန်ပေးရုံနဲ့ ကျစ်လျစ်လှပတဲ့ လက်မောင်းလေးကို ပိုင်ဆိုင်နိုင်ပါပြီ

၅ မိနစ်အချိန်ပေးရုံနဲ့ ကျစ်လျစ်လှပတဲ့ လက်မောင်းလေးကို ပိုင်ဆိုင်နိုင်ပါပြီ

ကျစ်လျစ်လှပတဲ့ လက်မောင်းတစ်စုံကလည်း မိန်းကလေးတစ်ယောက်ရဲ့အလှကို ပိုမိုပြည့်စုံစေပါတယ်။

လက်မောင်လေး လှချင်ပေမယ့် အချိန်မရှိရင် စိတ်ပူစရာ မလိုတော့ပါဘူးနော်။ တစ်နေ့ကို ၅ မိနစ် အချိန်ပေးပြီး ပုံမှန်ပြုလုပ်ပေးရင်ရပါပြီ။

၁။ စက်ဝိုင်း

ညီညာတဲ့မြေပြင်ပေါ်မှာ ခြေထောက်နှစ်ဖက်ကို ခွဲထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ဘေးကိုဆန့်ထုတ်ပြီး စက္ကန့်၃ဝကြာအောင် စက်ဝိုင်းပုံစံလှည့်ပါ။

၂။ တောင်ပံ

ညီညာတဲ့မြေပြင်မှာ ခြေထောက်နှစ်ဖက်ကို စုရပ်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပါ။ လက်မောင်းတွေကို လှုပ်စရာမလိုပါဘူးနော်။

စိတ်ထဲမှာ တောင်ပံနဲ့ဝဲပျံနေသလို သဘောထားပြီး စက္ကန့် ၃၀ ကြာ လက်ကို ဆန့်တန်းထားရုံပါပဲ။

၃။ လက်နောက်ပြန်ထောက်ခြင်း

လက်နှစ်ဖက်ကို နောက်ပြန်ထောက်ပြီး ခြေထောက်နှစ်ဖက်ကို ခြေထောက်ကို ရှေ့ကို ဆန့်ထုတ်ထားပါ။ တင်ပါးနဲ့ ကြမ်းပြင်က ထိမနေဘဲ အနည်းငယ်လွတ်နေရမှာပါ။

တင်ပါးကို မြှောက်လိုက်၊ ချလိုက်နဲ့ စက္ကန့် ၃၀ ကြာအောင် ပြုလုပ်ပေးရမှာပါ။

၄။ Pushups

ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက်ကို ထောက်ထားပါ။ လက်နှစ်ဖက်က ကွေးမနေရဘဲ ဖြောင့်တန်းအောင် ထောက်ထားရမှာပါ။

ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့် ၃၀ ကြာအောင် ပြုလုပ်ရမှာပါ။

ဒီလေ့ကျင့်ခန်း ၄ မျိုး လုပ်ပြီးရင်တော့ ၁ မိနစ်စာ နားဖို့ လိုအပ်ပါတယ်နော်။

၅။ Pushers

ညီညာတဲ့ကြမ်းပြင်ပေါ်မှာ မတ်မတ်ရပ်ပြီး လက်၂ဖက်ကို ရင်ဘတ်ရှေ့မှာကွေးလိုက်ပါ။

ကြီးမားလေးတဲ့အရာဝတ္တုကြီးတစ်ခုက သင့်ရှေ့ကိုလာနေတယ်လို့ သဘောထားပြီး ကွေးထားတဲ့ တိုက်ထုတ်ပါ။ ဒီလေ့ကျင့်ခန်းကို စက္ကန့် ၃၀ ကြာအောင် ပြုလုပ်ရမှာပါ။

၆။ Single chest press pulse

လက်နှစ်ဖက်ကို လက်အုပ်ချီတဲ့ပုံစံ ပြုလုပ်ပြီး အပေါ်ကို ပင့်တင်လိုက်ပါ။ ပြီးရင် လက်အုပ်ချီထားတဲ့ အနေအထားအတိုင်းနဲ့ပဲ ရင်ဘတ်ရှေ့အထိ ချလိုက်ပါ။

အဲဒီလို မြှောက်လိုက်၊ ချလိုက်နဲ့ စက္ကန့် ၃၀ ကြာ ပြုလုပ်ပေးရမှာပါနော်။

၇။ ကတ်ကြေး

ညီညာတဲ့ကြမ်းပြင်မှာရပ်ပြီး လက်နှစ်ဖက်ကို ရှေ့ကိုဆန့်တန်းပါ။ ပြီးရင် လက်နှစ်ဖက်ကို ကတ်ကြေးပုံစံလိုမျိုး ယှက်ပြီး လှုပ်ရှားပါ။

ဒီလေ့ကျင့်ခန်းကိုလည်း စက္ကန့် ၃၀ ကြာ ပြုလုပ်ရမှာပါ။

၈။ Superman

ညီညာတဲ့ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထုတ်ပါ။ လက်နှစ်ဖက်က မြေပြင်နဲ့ မထိရပါဘူး။

၂စက္ကန့်ကြာ ဆန့်ထုတ်ပြီးရင်တော့ လက်ကို ချလိုက်ပါ။ လက်ကို အပေါ်ဆန့်ထုတ်လိုက်၊ ချလိုက်နဲ့ စက္ကန့် ၃ဝကြာအောင် ပြုလုပ်ပေးရုံပါပဲ။

ဒီလေ့ကျင့်ခန်းလေးတွေက အချိန်များများစားစား မပေးနိုင်သူတွေအတွက်တော့ တကယ်ကို ထိရောက်တဲ့ လေ့ကျင့်ခန်းတွေပါပဲနော်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners