
နှာခေါင်း အမြဲတမ်းပိတ်နေပြီး အမြဲ လိုလို အသက်ရှူရခက်ခဲနေသူများ အတွက် ဆေးနည်း
နှာခေါင်းအမြဲတမ်းပိတ်နေပြီး အမြဲ လိုလို အသက်ရှူရခက်ခဲနေသူများ
အတွက် ဆေးနည်း
ဒီမနက်ခင်းတော့ နှာခေါင်းအမြဲတမ်းပိတ်နေပြီး အမြဲလိုလို အသက်ရှူရခက်ခဲလို့ နည်းအမျိုးမျိုးနဲ့ ဆေးထိုး ၊ ဆေးစား ၊ ဆေးသောက် လုပ်နေရတဲ့ အသိ ညီမလေးတစ်ယောက်နဲ့ စကားစပ်မိရင်း
သူမ လက်တွေ့ စမ်းသပ်ပြီး သက်သာပျောက်ကင်းခဲ့တဲ့ လွယ်ကူတဲ့ နည်းလေးတစ်ခုကို မျှဝေချင်ပါတယ် ။
အဲဒီ ညီမလေးရဲ့ အလုပ်ကလည်း အမြဲတမ်း အအေးပတ်ဖွဲ့ပြီး ရေနဲ့ မဖြစ်မနေ ထိစပ် နေရတဲ့ အလုပ်ကလေးပါ ။
ဆေးနည်းလေးက ကြက်ဟင်းခါးရွက် နှစ်ရွက်ခန့် ကြိတ်ချေပြီး အရည်ရအောင်ယူပါ ထိုအရည်ကို နှာခေါင်းထဲသို့ ထည့်ပြီး ရှူပေးပါ
စရှူပြီး သိပ်မကြာခင်မှာလည်ချောင်းတစ်လျှောက် နာကျင်သလို ခံစားရပြီး ၊ တစ်ခါ နှာခေါင်းထဲမှာ တင်းကြပ် ပိတ်ဆို့ သွားတယ်လို့ခံစားရပါမယ် ။ သိပ်မကြာခင် နှာချေလာပါမယ်
ပြီးရင်နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ နှပ် အခဲ ၊ အပုပ် တွေ ထွက်ကျ လာပါပြီး နေရ ထိုင်ရတာ အရင်ကထက်အသက်ရှူရ ကောင်းမွန်ပြီး ပေါ့ပါး သွားပါတယ်လို့ဝမ်းမြောက်စွာ ဆိုပါတယ်
ဒီလို ဝေဒနာ ခံစားရတဲ့ မိတ်ဆွေများ လိုအပ်ရင်အသုံးပြုကြည့်နိုင်ပါရန် မျှဝေပေးလိုက်ပါတယ် ။ အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေရှင်။
Credit: Original Uploader