
သင်ချမ်းသာချင်လျှင် ဒီနည်းလမ်း (၄)ခုပဲ လုပ်ပါ….
လူတစ်ယောက်ကို ချမ်းသာလာစေမယ့် အကျင့် (၄) မျိုး
လူတစ်ယောက်ကို ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့ အရာဟာ လူတွေရဲ့ နေ့စဉ်အလုပ်ချိန်ဇယားထဲမှာ ရှိပါတယ်နော်။ အဲတာကြောင့် ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေကို အကောင်းဘက်ရောက်အောင် အမြဲပဲ တွန်းပို့နေရတာ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ လူတစ်ယောက်ကို ချမ်းသာစေနိုင်မယ့် အကျင့်တစ်ချို့အကြောင်း ပြောသွားမှာပါ။ ဒီအချက်လေးနေ သိသွားရင် သင့်ရဲ့ ဘဝ တိုးတက်အောင် ပထောက်ပံ့ ပေးနိုင်မှာပါနော်။
(၁) ကိုယ့်အတိုင်းအတာနဲ့ ကိုယ် နေထိုင်သုံးစွဲပါ
ခြွေတာရေးအလေ့အကျင့်ဟာ ငွေကြေးအခက်အခဲကနေ လွတ်မြောက်ဖို့ အမြဲပဲ အထောက်အကူဖြစ်ပါတယ်။
ငွေကြောင့် ဘယ်သူ့ဆီမှ မျက်နှာအောက်ကျမခံချင်ရင် ကိုယ့်အသုံးစရိတ်ကို အမြဲ စိစစ်ပါ။ငွေစုပါ။ နေရေးအတွက် ကိုယ့်လစာရဲ့ ၂၅% ထက် ပိုမသုံးဖို့ လိုပါတယ်။
အစားအသောက်အတွက် အများဆုံး ၁၅% ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပါးဖို့ လူမှုရေးကိစ္စအတွက် သုံးဖို့ ၁၀% ထက် မပိုဖို့ စသည်ဖြင့် စည်းကမ်းထားသင့်ပါတယ်။
(၂) လောင်းကစားမလုပ်ပါနဲ့
အပျော်အပါးလိုက်စားတာ ၊ လောင်းကစားလုပ်တာ နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုနည်းခြင်းဟာ ဆင်းရဲလမ်းကို လိုက်နေတာ ဖြစ်ပါတယ်။
ပိုက်ဆံအတော်ရှိတဲ့ သူတွေတောင် ဒီလိုအကျင့်ဆိုးတွေ ရှိနေရင် မကြာခင် ဒုက္ခရောက်သွားနိုင်ပါတယ်။
(၃) ရင်းနှီးမြှပ်နှံမှု လုပ်ပါ
ဝန်ထမ်းဘဝနဲ့ လစာကိုပဲ မှီခိုမနေဘဲ စီးပွားရေးလုပ်ငန်းလေးတွေမှာ ခြေချဖို့ ကြိုးစားပါ။ ကိုယ့်ဝင်ငွေထဲက တစ်လ ၁၀% နှုန်းကို လုပ်ငန်းလုပ်ဖို့ စုဆောင်းထားသင့်ပါတယ်။
သေချာတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံတာ ဖြစ်စေ ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးတွေ ထူထောင်ဖို့ ဖြစ်စေ ဒီငွေကို ပြန်သုံးနိုင်ပါတယ်။
(၄) မိတ်ဆွေကောင်းတွေ ပေါင်းပါ
ငွေမရှာခင် ကိုယ့်မှာ မိတ်ကောင်းဆွေကောင်းတွေ အရင်ရှိထားတာ ပိုကောင်းပါတယ်။ မိတ်ဆွေကောင်းတစ်ယောက်ဟာ သင့်ဘဝကို အကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့ အစွမ်းရှိပါတယ်။
စစ်မှန်ကောင်းမွန်ပြီး အကျိုးလိုလားတဲ့ မိတ်ဆွေတွေကြောင့်ပဲ အခက်အခဲတွေ အလွယ်တကူ ကျော်လွှားနိုင်သလို ဘဝကိုလည်း တိုးတက်ကြီးပွားစေနိုင်လို့ဖြစ်ပါတယ်။
ကဲ ပရိတ်သတ်ကြီးလည်း ချမ်းသာစေနိုင်တဲံ အချက်လေးတေကိုသိပြီး ကြီးပွားချမ်းသာနိုင်ကြပါစေနော။
Photo: Unsplash
Source: Kwee