ခြေဗလာလက်ဗလာဘဝမှ ကမ္ဘာကိုပြောင်းလဲခဲ့သူ (၅) ဦး

အောင်မြင်ဖို့ဆိုတာ အရင်းအနှီးအများကြီး လိုပါတယ်။ တစ်နေရာရာမှာ အောင်မြင်ပေါက်ရောက်သူတစ်ယောက် ဖြစ်လာဖို့ဆိုရင် ကျွမ်းကျင်မှူ ၊ ပင်ကိုယ်အရည်အချင်း ၊ ကံကြမ္မာနဲ့မဆုတ်မနစ်တဲ့ ဇွဲလုံ့လ စတဲ့ များပြားလှတဲ့ စွမ်းရည်တွေလိုအပ်ပါတယ်။

အခုပြောမှာကတော့ မဖြစ်နိုင်လောက်တဲ့ ဘဝအခြေအနေကနေ ကမ္ဘာကြီးကို တစ်နည်းနည်းနဲ့ပြောင်းလဲနိုင်တဲ့အထိ စွမ်းနိုင်ခဲ့သူ (၅) ဦး အကြောင်းပါပဲ။

(၁) ဒေါက်တာဆူးဇ်

Source: PBS

ကလေးစာပေသမိုင်းကို ပြောင်းလဲနိုင်စေသူ ဒေါက်တာဆူးဇ်ရဲ့ ဦးထုပ်ထဲက ကြောင်ကလေး ၊ အစိမ်းရောင် ကြက်ဥများနဲ့ဝက်ပေါင်ခြောက် စတဲ့ စာအုပ်တွေ ရေးခဲ့ပါတယ်။

ကလေးစာပေလောကမှာ ဒေါက်တာဆူးဇ်ရဲ့ လက်ရာစာအုပ်တွေကို အုပ်ရေ သန်း ၆၀၀ အထိ ရောင်းချနိုင်ခဲ့ပါတယ်။

ဒီလို ဂန္တဝင်အကျော်အမော် စာရေးဆရာကြီးရဲ့ ပထမဆုံး ကလေးစာအုပ်ဖြစ်တဲ့ မူဘာရီလမ်းမှာ ကျနော်တွေ့ခဲ့တာကို စဉ်းစားခြင်းဆိုတဲ့ စာအုပ်ကို ထုတ်ဝေသူ ၂၇ ဦးက ပယ်ချခဲ့ပါတယ်။

(၂) သောမတ်အက်ဒီဆင်

Source: Medium

တကယ်လို့အက်ဒီဆင်သာ မီးလုံးတီထွင်ဖို့ လက်လျှော့လိုက်မယ်ဆိုရင် ဒီနေ့ကမ္ဘာဟာ အများကြီး ခေတ်နောက်ကျဦးမှာပါ။

လျှပ်စစ်မီးလုံးတီထွင်ချိန်မှာ အက်ဒီဆင်ဟာ အကြိမ်ပေါင်း ၁ ထောင် ရံှုးနိမ့်ခဲ့ပါတယ်။ အက်ဒီဆင်ကို သိပ္ဗံမှော်ကဝေကြီးလို့ကျွန်တော်တို့တင်စားကြပေမယ့် တကယ်တမ်းမှာတော့ သူဟာကျွန်တော်တို့ထက် အပြတ်အသတ် ကြိုးစားခဲ့သူပဲ ဖြစ်ပါတယ်။

(၃) မိုက်ကယ်ဂျော်ဒန်

Source: sportskeeda

သမိုင်းမှာ အကြီးကျယ်ဆုံး ဘက်စကတ်ဘောသမားတစ်ဦးအဖြစ် သတ်မှတ်ထားတဲ့ မိုက်ကယ်ဂျော်ဒန်ရဲ့ အဖြစ်ကလည်း တကယ့်ကို စိတ်ဝင်စားစရာပါ။

အရပ်အမောင်းအရရော ၊ မျိုးရိုးအရပါ ဘတ်စကတ်ဘောနဲ့ဝေးခဲ့တဲ့ မိုက်ကယ်ဂျော်ဒန်ဟာ ဒီကစားနည်းကို အရူးအမူးခုံမင်ခဲ့သူ ဖြစ်ပါတယ်။

သူ့ဘဝတစ်လျှောက်လုံး အရံှုးတွေနဲ့နပန်းလုံးခဲ့ရတယ်လို့ပြောနိုင်ပါတယ်။

ပထမဆုံး လိဂ်တန်းဝင် ကစားသမား ဖြစ်လာတော့ Jumping အခုန်သိပ်မကောင်းလို့ဆိုပြီး မိုက်ကယ်ဂျော်ဒန်ဟာ နေ့တိုင်းအကြိမ် ရာပေါင်းများစွာ Jumping ကျင့်ခဲ့ပါတယ်။

အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းကလည်း အပယ်ခံခဲ့ရပါတယ်။ဒါကြောင့်ပဲ အားနည်းချက်ကို သူဟာအားအဖြစ် ပြောင်းခဲ့ပြီး ခဏခဏ ရံှုးတိုင်း အောင်မြင်လာတယ်လို့ သူ့ကိုယ်သူ ယူဆထားပါတယ်။


(၄) စတီဗင်စပီးဘာ့ဂ်

Source: dailypioneer

ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်ဖို့အိပ်မက်ကို ၁၇ နှစ်သားကတည်းက ရှိခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် ရုပ်ရှင်အတတ်ပညာတွေ ဆည်းပူးခဲ့သူ ၊ နွေရာသီအားလပ်ရက်တွေဆိုရင်

ဒါရိုက်တာတွေ ၊ စာရေးဆရာတွေ ၊ အယ်ဒီတာတွေနဲ့တွေ့ရင်း ပညာယူခဲ့တဲ့သူဟာ သူအလွန်ပဲ တက်ချင်လှပါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယား ရုပ်ရှင်အနုပညာတက္ကသိုလ်ရဲ့ အကြိမ်ကြိမ် ငြင်းပယ်ချင်းခံခဲ့ရသူပါ။

ရုပ်ရှင်လောကရဲ့အကျော်ကြားဆုံး ဒါရိုက်တာတစ်ဦးဖြစ်လာတဲ့ စတီဗင်စပီးဘာ့ဂ်ရဲ့ အောင်မြင်မှူကို ကံကြောင့်လို့ပြောလို့မရပါဘူး။ ဒါဟာ သူ့ရည်မှန်းချက်ကို အပျောက်မခံဘဲ မဆုတ်မနစ်ကြိုးစားခြင်းရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။

(၅) ကာနယ်ဆန်းဒါးစ်

Source: grunge

သူ့ကို သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် KFC မှာတော့ ကြက်ကြော်စားဖူးကြမယ်ထင်ပါတယ်။ ဒါမှမဟုတ် KFC တံဆိပ်ကို မြင်ဖူးမှာပါ။

ဒီအမှတ်တံဆိပ်ဟာ ကာနယ်ဆန်းဒါးစ်လို့ခေါ်တဲ့ စစ်ပြန်ကြီးတစ်ယောက်ရဲ့ ကြက်ကြော်ဟင်းလျာပါပဲ။

တစ်ကမ္ဘာလုံးက မက်မက်စက်စက် စားနေကြတဲ့ KFC ကြက်ကြော် အမှတ်တံဆိပ်ဖြစ်လာဖို့ကာနယ်ဆင်းဒါးစ်ဟာ ကားထဲမှာအိပ် ကားထဲမှာစားပြီး တစ်နိုင်ငံလုံးကို လှည့်ပတ်သွား. ၊ ပရိုမိုးရှင်း ဆင်းခဲ့ရပါတယ်။

သူ့ရဲ့ ကြက်ကြော်ဟင်းလျာဟာ အကြိမ်ပေါင်း ၁၀၀၉ ကြိမ် အငြင်းခံရပေမယ့် အခုချိန်မှာ ဒေါ်လာသန်းရာနဲ့ချီတန်တဲ့ အမှတ်တံဆိပ် ဖြစ်လာပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners