ဝန်ထမ်းတွေ အားလုံးကို ကားအသစ် တစ်ယောက်တစ်စီး ဝယ်ပေးလိုက်တဲ့ ကုမ္ပဏီပိုင်ရှင်သူဌေး

အခုအချိန်ကာလဟာ ကိုဗစ်ရောဂါပိုးရဲ့ရိုက်ခတ်မှုဒဏ်ကို တစ်ကမ္ဘာလုံးအနှံ့ အနည်းနဲ့အများခံထားရတာကြောင့် စီးပွားရေးလုပ်ငန်းတွေမှာလည်း မလှုပ်သာမယှက်သာအခြေအနေနဲ့ကာလဆိုးလို့ဆိုရမှာပါ။

.

ဒီလိုကာလမှာ အပြင်ကိုမဖြစ်မနေထွက်ရပြီး ကိုယ့်အလုပ်ကိုယ်နေရာမပျောက်အောင်လုပ်ကိုင်ရတဲ့လူတွေအတွက် သွားရေးလာရေးကလည်း အခက်အခဲတစ်မျိုးပါပဲ။

.

ဒီလို သွားရေးလာရေးအခက်အခဲကို ရုန်းကန်နေရသူများအနက်က Rhea Ylannan ဆိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကတော့ သူ့သူဌေးရဲ့ရက်ရောမှုကြောင့် သွားရေးလာရေးအဆင်ပြေခဲ့ပုံကို အင်တာနက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

.

သူဟာ HTP လို့အမည်ရတဲ့ အွန်လိုင်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ယခုလို သွားရေးလာရေားဒုက္ခများတဲ့ကာလမှာ သူတို့သူဌေးဟာ ဝန်ထမ်းတွေသွားရေးလာရေးအဆင်ပြေစေဖို့ ကားတစ်ယောက်တစ်စီးစီဝယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

.

သိပ်ကိုရက်ရောတဲ့သူဌေးနဲ့ အရမ်းကံကောင်းတဲ့ဝန်ထမ်းတွေပါပဲနော်။

ဝန်ထမ်းအားလုံးကလည်း ကားကိုယ်စီရလို့ ပျော်ရွှင်လျှက်ရှိပြီး Rhea Ylannan ကလည်း သူဌေးဝယ်ပေးတဲ့ကားလေးနဲ့အတူ သူတို့ပျော်ရွှင်နေပုံလေးတွေကို သူ့ရဲ့အင်တာနက်စာမျက်နှာမှတစ်ဆင့် မျှဝေခဲ့ပါတယ်။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )

.