၃ဘီလီယံတန်ဖိုးရှိ ဇိမ်ခံကားကြီးကို သူငယ်ချင်းများ ခဏခဏ လာလာငှားကြ၍ နောက်မငှားချင်အောင် ပုံစံပြောင်းလဲပစ်ခဲ့သော ကောင်လေ

လူတစ်ယောက်စီတိုင်းတွင် ဆိုးတူကောင်းဖက် ခင်မင်ရင်းနှီးရသော သူငယ်ချင်း မိတ်ဆွေတစ်ယောက် နှစ်ယောက်တော့ ရှိကြစမြဲဖြစ်ပြီး လိုအပ်သည့်ချိန်တိုင်းမှာလည်း အကူအညီတောင်းကြတာမျိုး ရှိသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Truong အမည်ရှိသော ကောင်လေးတစ်ဦးသည် ဗီယက်ငွေ ၃ဘီလီယံတန်ဖိုးရှိသော Maserati ဇိမ်ခံကားကြီးကို ဝယ်ယူရန် ငွေများကို အချိန်တော်ကြာ စုဆောင်းခဲ့ရသည်။

ဝယ်ယူပြီးနောက် ကောင်လေးသည် သူဧ။်အဖိုးတန်ကားကြီးအား ကောင်းကောင်းမစီးရသေးပဲ သူငယ်ချင်းများမှာ ဟိုနားဒီနား သွားဖို့ဆိုပြီး နေ့တိုင်းလိုလို လာငှားနေကြသည်။

ကောင်လေးသည် သူဧ။် ကားအသစ်စက်စက်လေးကို မငှားချင်သော်လည်း သူငယ်ချင်းအချင်းချင်း မိတ်ပျက်မည်စိုး၍ ပေးငှားခဲ့ရာ သူ့လက်ထဲပြန်မရောက်မချင်း သူ့ကားလေးတစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေခဲ့ရှာသည်။

ထို့ကြောင့် ကောင်လေးသည် သူဧ။်အလှစီးကားကို သံချေးတက်နေသည့် ကားအစုတ်အပျက်တစ်စီးနှင့်တူအောင် ပြောင်းလဲခဲ့ပြီး သူငယ်ချင်းများ ထပ်မငှားတော့အောင် ပြုလုပ်ခဲ့သည်။

Rain (For Ialinks)