က်ဆံ သိန်း ၃၀၀ ရှိရင် ၂၀၀ ပဲ ထုတ်ရင်းရတယ် ၊ ဘာကြောင့်လဲဆိုတော့

ပိုက်ဆံ သိန်း ၃၀၀ ရှိရင် ၂၀၀ ပဲ ထုတ်ရင်းရတယ် ၊ ဘာကြောင့်လဲဆိုတော့

ငါ့မှာ ပိုက်ဆံ သိန်း ၃၀၀ ရှိရင် သိန်း ၂၀၀ ပဲ ထုတ်ရင်းတယ် ။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီး အနေနဲ့ ချန်ထားတယ် ။

ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲ ထည့်တယ် ။ နှစ်သောင်းက ကြိုက်ဈေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ် ။

ဘာကြောင့်လဲ ဆိုတော့ ငါက ဆင်းရဲသား ဘဝကနေ တက်လာတာ။

ငါ့မှာရှိသမျှ ပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့ ။

သူပြောတဲ့ စကားနဲ့ ကျနော့အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ် ။ ငါ့သား အလုပ် လုပ်ရင် ရေကာတာ စီမံကိန်းနဲ့ လုပ်ရတယ်ကွ ။

ရေကာတာ စီမံကိန်း ဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့ အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ် ။

ဘာကြောင့်လဲ ဆိုတော့ မတော်တဆ ခြေချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ် ။

အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ် ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး ။

ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ် ခွေးဖြစ် ရှိသမျှ ပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာ များတယ်။

စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ် ။ အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ် ပေါ့ဗျာ ။

စစ်မှန်တဲ့ အောင်မြင်မှုဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး ။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့အရာပါ

ဘာ့ကြောင့် ဒီစကားပြောရလဲ ဆိုတော့ ကျနော်တို့လို လူငယ်တွေ တော်တော်များများက အရမ်း အောင်မြင်ချင်ကြတယ် ။

အဲ့မှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ ။

အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေ ရောက်ပါတယ် ။

လေးစားလျက်