ယားယံပြီးဗောက်ထနေတဲ့ဦးရေပြား ပြဿနာကိုဖြေရှင်းပေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း
ဦးရေပြားက ယားယံပြီးဗောက်ထလို့စိတ်ညစ်နေပါသလား? ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်တွေ၊တစ်ခြားနည်းလမ်းတွေလည်းလုပ်ကြည့်ပြီး ဘာမှမထူးဘူးဆိုရင်တော့ စာဖတ်သူတွေအတွက် လွယ်ကူတဲ့အိမ်တွင်းနည်းလမ်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။ဦးရေပြားဗောက်ထပြီး ယားယံနေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကတော့ ဂျင်းဖျော်ရည်ပဲဖြစ်ပါတယ်။
ဂျင်းနဲ့ဆံကေသာကိုပေါင်းတင်ပေးတာက ဦးရေပြားကိုကျန်းမာစေပြီးယားယံတာတွေကိုသက်သာစေပါတယ်။ဗောက်တွေကိုလည်း ရှင်းပြီးသားဖြစ်စေပါတယ်။ဆံပင်အကျွတ်များနေတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒီတော့ ဂျင်းကို ဘယ်လိုသုံးရမလဲ
– လတ်ဆတ်တဲ့ဂျင်းတုံးတစ်တုံးကိုယူပြီး ပါးပါးလှီးလိုက်ပါ။
-လှီးပြီးသား ဂျင်းတွေကို ရေအနည်းငယ်မှာထည့်စိမ်ပါ။ပြီးရင် အပူချိန်နည်းနည်းနဲ့ ဆူအောင်အရောင်ပြောင်းလာတဲ့အခါ မီးပိတ်လို့ရပါပြီ။
-ပြီးရင် အဖတ်တွေမပါအောင်သေချာရေစစ်ပြီး ရေတွေကို အအေးခံထားပါ။
-အအေးခံပြီးရင်တော့ရလာတဲ့အရည်ကို စပရေးဖြန်းတဲ့ဘူးနဲ့ ဖြည်းဖြည်းချင်းဦးရေပြားစိုစွတ်အောင်ဖြန်းပေးတာဖြစ်စေ၊လောင်းချတာဖြစ်စေ လုပ်ပေးပါ။
နာရီဝက်လောက်ထားပြီးရင်တော့ ခေါင်းလျှော်ရည်အပျော့စားလေးနဲ့လျှော်ပေးလို့ရပါပြီ။
ဒီနည်းလေးကိုတစ်ပတ်ကိုတစ်ခါ လုပ်ပေးမယ်ဆိုရင် ဦးရေပြားယားယံတာတွေသက်သာပြီးဗောက်တွေလည်းကင်းရှင်းသွားမှာဖြစ်ပါတယ်။
ပိုပြီးထိရောက်ချင်တယ်ဆိုရင် ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း ပုံမှန်ဆီလိမ်းပေးတာမျိုး၊ဦးရေပြားကို နှိပ်နယ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။လွယ်ကူပြီး အကျိုးရှိတဲ့နည်းလေးဖြစ်လို့ စမ်းကြည့်ဖို့ မမေ့နဲ့နော
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners