ဘေးအိမ်က အိမ်ထောင်သည်အမျိုးသမီးနဲ့ ဖောက်ပြန်ဖို့ အိမ်အောက်မှာ လိုဏ်ဂူတူးထားခဲ့တဲ့ အမျိုးသာ

Mexico နိုင်ငံ Villas del Prado မြို့ရဲ့ Tijuana ရပ်ကွက်မှာ Alberto အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ အိမ်နီးနားချင်းရှိအိမ်ထောင်သည်အမျိုးသမီးတစ်ဦးနှင့်

.

အချစ်ဇာတ်လမ်းရှိနေတဲ့အပြင် Alberto ဟာ သူ့ရဲ့အိမ်အောက်မှာလျှို့ဝှက်ဥမင်လိုဏ်ခေါင်းကိုဖောက်ပြီး သူချစ်ရတဲ့ အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ Jorge တို့ရဲ့အိမ်နှင့် ဆက်သွယ်ထားတဲ့ ဥမင်လိုဏ်ခေါင်းလမ်းကြောင်းတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။

.

Jorge ဟာ သူတို့ရဲ့ကုတင်အောက်ကို စစ်ဆေးကြည့်ပေမဲ့ Alberto ကို ရှာမတွေ့ခဲ့ပါဘူး။ထို့နောက် အိပ်ရာနောက်ကွယ်မှာ ပုန်းနေခဲ့တဲ့ Albertoကို မပျောက်သွားခင် လျှပ်တပြက် မြင်လိုက်တော့ Jorge က သူတို့ရဲ့အိပ်ရာအနီးသို့ဦးတည်သွားပြီး အိပ်ရာနားကအပေါက်တစ်ပေါက်ကို တွေ့ခဲ့ရပါတယ်။

.

Alberto ဟာ သူ့ဇနီးထံမှအချစ်ရဖို့အတွက် ကြိုးစားနေတာကြောင့် Jorge အား သူမနဲ့ ကွာရှင်းပေးဖို့တောင်းပန်ခဲ့ပေမယ့် လိမ်လည်ခံလိုက်ရတဲ့ Jorge က ဘယ်သူ့ကိုမှရမှာမဟုတ်ကြောင်း နှင့် သူ့ဇနီးရဲ့ချစ်မြတ်နိုးရသူနဲ့လည်း တိုက်ပွဲဝင်လို့ရကြောင်း ဆိုခဲ့ပါတယ်။

Mia (Mckzone Daily)