
သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်က ငါးရုပ်
ကျွနု်ပ်သည် လက္ခဏာပညာကို အသက် ၁၃ နှစ်ထဲက လေ့လာလိုက်စားခဲ့သည်
သင်ယူခဲ့သော ပညာရပ်များကိုလဲ အပြင်တွင်
လက်တွေ့ကျကျလေ့လာသုံးသပ်ပြီးမှ လက္ခဏာဆရာလောကသို့ဝင်လာခဲ့တာပါ။
လက္ခဏာပညာဟာ လူတစ်ယောက်ရဲ့ဘဝကို ၇၅% လောက်မီးမောင်းထိုးပြထားသလိုပါပဲ
ဒီလတော့လက်ဝါးပြင် တနင်္ဂနွေဂြိုလ်ခုံမှာရှိတဲ့ ငါးရုပ်နဲ့ပတ် သက်၍တင်ပြပေးသွားမယ်
လက်ဝါးပြင်ရဲ့ လက်သူကြွယ်အောက် မှာ
အောင်မြင်ရေးလမ်းကြောင်းနဲ့ မှား တတ်တဲ့ ငါးရုပ်သင်္ကေတတခုပါတတ်တယ်။
သေချာကြည့်ရင်တော့ကွဲပါတယ်။
အောင်မြင်ရေးလမ်းကြောင်းက ဖြောင့်မတ်တယ်။
ငါးရုပ်ကတော့အချွန် အတက်လေးတွေပါတယ်။
ငါးရုပ် သင်္ကေတကတော့ လက်ဝါးမှာထင်ရှားရင် ထင်ရှားသလို
အောင်မြင်ရေးလမ်း ကြောင်းထက်ပိုကောင်းတတ်တယ်။
လက္ခဏာကြည့်ပရိသတ်ရဲ့လက်ဝါးမှာ ငါးရုပ်သင်္ကေတပါလာပြီဆိုရင်
လက္ခဏာပိုင်ရှင်ဟာ ရုတ်တရတ်ချမ်းသာတဲ့ဘဝကို ပြောင်းလဲသွားတဲ့အထိ ငါးရုပ်က
ပေးစွမ်းနိုင်ပါတယ်။
တနင်္ဂနွေ ဂြိုလ်ခုံမှာပါလာခဲ့ရင် အောင်မြင်ရေး သင်္ကေတလိုပဲအကျိုးပေးမယ်။ ထူးခြားသွားတာက အမွေတွေ
ထီတွေ ရုတ်တရတ်ရတာပေါက်တာထက် လက္ခဏာပိုင်ရှင်ဟာ
မိမိအစွမ်းအစနဲ့ အောင်မြင်ချမ်းသာခြင်းကို ရုတ်တရက် ရလာတတ်ပါတယ်။
ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်လုပ်ငန်းနဲ့ပဲ အဆင်ပြေတတ်ပါတယ်။သူများလက်အောက်ခံဘဝ ကြာကြာမနေရပါ။
အစိုးရဝန်ထမ်းဆိုလဲ အာဏာ ရာထူးထိပ်ဆုံးထိရောက်တတ်တယ်။
အသက်အရွယ်ရတာနဲ့ပိုအောင် မြင်တတ်ပါတယ်။ မျော်လင့်မထားတဲ့ ချမ်းသာတဲ့ဘဝကို
ရုတ်တရတ်ပိုင်ဆိုင် လာရတတ်ပါတယ်။
အိုဇာတာကောင်း၍ အသက်ကြီးရင်ချမ်းချမ်းသာသာနေရတတ်ပါတယ်။ ငါးရုပ်ကြီးရင်ကြီးသလို အကျိုးပေးခံစားရများတတ်တယ်။
လက္ခဏာကြည့်ပရိသတ်ရဲ့ လက်ဝါးတွင် ကံကောင်းခြင်းနှင့်ပတ်သက်သေ
ာ သင်္ကေတများရှိသလို ကံဆိုးခြင်းနှင့် ပတ်သက်သောသင်္ကေတများလဲ ရှိတတ်ကြသည်။
ကံကောင်းခြင်းသင်္ကေတပါလာရင် အကျိုးရှိပေမဲ့ကံဆိုးခြင်း သင်္ကေတပါလာရင်
မိမိအတွက်ပြင် ဆင်ဖို့အချိန်ရအောင် တတ်သိနားလည် တဲ့ဆရာတွေနဲ့ပြထားသင့်ပါတယ်။
ဒီလတော့ဒီပိုစ့်နဲ့ပဲဗဟုသုတအဖြစ်သင်ပေး လိုက်ပါတယ်။
လက္ခဏာလမ်းကြောင်းများနဲ့ ပါတ်သက်၍လေ့လာစရာတွေက လိုက်မကုန်နိုင်ပါ။
ကျွန်ုပ်အားရင်အားသလို လက္ခဏာကြည့်ပရိသတ်များကို တင်ပြပေးသွားပါမည်
Credit – လက္ခဏာဆရာမင်းခန့်