စာမေးပွဲ လာဖြေတဲ့ ကျောင်းသားလေးရဲ့ ဘောပင်ကိုကြည့်ပြီး ဝမ်းနည်းခဲ့ရတဲ့ ကျောင်းဆရာမ

ကံကြမ္မာအလျောက်ဖြစ်တည်လာတဲ့ လူ့လောကရဲ့ဆင်းရဲချမ်းသာမညီမျှမှုတွေကြောင့် တစ်ချို့လူသားတွေ သိန်းပေါင်းထောင်နဲ့ချီအောင်သုံးဖြုန်းနိုင်ချိန်တွေမှာ တစ်ချို့ကတော့ ရာဂဏန်းအတွက်တောင် အကုန်အကျမခံနိုင်ကြပါဘူး။

.

မိဘအဆင်ပြေချမ်းသာကြတဲ့ကလေးတွေအတွက် ကျောင်းစရိတ်တွေနဲ့ စာရေးကိရိယာဖိုးကုန်ကျစရိတ်တွေဟာ များပြားလှတယ်မဆိုသာပေမယ့် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ဘောပင်တစ်ချောင်းဝယ်ဖို့ကိုတောင် တော်တော်လေးခြစ်ကုတ်ခြွေတာကြရပါတယ်။

.

Maricor Baculanta အမည်ရတဲ့ ဆရာမတစ်ဦးကတော့ စာမေးပွဲခန်းထဲမှာတွေ့ရတဲ့ ကျောင်းသားလေးရဲ့ နွမ်းပါးမှုကြောင့် မျက်ရည်လည်ခဲ့ရပါတယ်။

.

ဆရာမကို မျက်ရည်လည်စေခဲ့တာကတော့ စာမေးပွဲဖြေနေစဉ်မှာ ဘောပင်မဝယ်နိုင်တာကြောင့် သစ်သားဖြင့်မှင်ချောင်းကိုညှပ်ကာ သားရေပင်နဲ့စီးပြီး ဘောပင်အဖြစ်အသုံးပြုဖြေဆိုနေတဲ့ ၂တန်း ကျောင်းသားလေးပဲဖြစ်ပါတယ်။

.

ကျောင်းသားလေးရဲ့ ဘောပင်ကိုကြည့်ကာ ဆရာမ Maricor Baculanta တစ်ယောက် မျက်ရည်ဝဲတဲ့အထိစိတ်မကောင်းဖြစ်ခဲ့ရပြီး ကျောင်းသားလေးကို ဘောပင်အသစ်ပေးကာ စာမေးပွဲဖြေစေခဲ့ပါတယ်။

.

ကျောင်းသားလေးရဲ့ဘောပင်ကိုမြင်တွေ့လိုက်ရတဲ့ ပရိသတ်ကြီးလည်း ဆရာမနဲ့ထပ်တူ ဝမ်းနည်းမိကြမယ်လို့ ထင်ပါတယ်။

.

ဒီအဖြစ်အပျက်အတွက်စိတ်မကောင်းကြတဲ့ ပရိသတ်ကြီးလည်း မိမိဝန်းကျင်မှာ ဒီလိုရှားပါးသူတွေရှိခဲ့ရင် တတ်နိုင်သလောက်ကူညီခြင်းနဲ့ လောကကြီးကိုအလှဆင်ကြရအောင်နော်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )

.