ဆံပင်အရမ်းကောင်းတဲ့အိန္ဒိယသူလေးတွေရဲ့ ရိုးရာဆံပင်ထိန်းသိမ်းနည်းလမ်းများ

ဆံပင်အရမ်းကောင်းတဲ့အိန္ဒိယသူလေးတွေရဲ့ ရိုးရာဆံပင်ထိန်းသိမ်းနည်းလမ်းများ
အန္ဒိယ အမျိုးသမီးတွေဟာ ဆံပင် အရမ်းကောင်းပြီး၊ ဆံသားလည်းကောင်း ဆံပင်အုံလည်း ထူကြ ပါ တယ် ။


အန္ဒိယ သူလေးတွေ ဆံပင်ကောင်းတာ လျှို့ဝှက်ချက်တွေ ရှိပါ တယ်။

အဲ့ဒီလျှို့ဝှက်ချက်တွေက ဈေးကြီးပေးရတဲ့ နည်းလမ်းတွေ မဟုတ်ဘဲ ငွေအများကြီး မကုန်တဲ့ သဘာဝ နည်းလမ်းလေးတွေ ပါ။

ရှာရလွယ်တဲ့ ပစ္စည်းလေးတွေနဲ့လုပ်ရတဲ့ နည်းတွေဖြစ်လို့ ဆံပင်ကောင်းချင်တဲ့ သူတွေ လုပ်ဖြစ်အောင် လုပ်ပေးဖို့ တိုက်တွန်း ချင်ပါတယ် ။


ပထမနည်းက ရှားစောင်း လက်ပပ်ကို သုံးရ မှာပါ။

ရှားစောင်းလက်ပပ် အနှစ်ကို ယူပြီး ဆံပင်အမြစ်နေရာတွေကို ရွှဲနေအောင် လိမ်းပြီး ဖြည်းဖြည်းလေး နှိပ်ပေးပါ။

အဲ့လို နှိပ်ပေးပြီးတော့ တဘက်လေးနဲ့တစ်နာရီလောက် ပေါင်းထားပြီးမှ ခေါင်းလျှော် ပေးပါ။

ခေါင်းလျှော်တိုင်းမှာ ဒီနည်းအတိုင်း လုပ်ပေးသွားရင် ဆံပင်ကျွတ်တာတွေ ရပ်သွားပြီး ဆံပင်တွေ ထူထဲ သန်မာ လာမှာပါ။

ဒုတိယနည်းက ပုံမှန်အတိုင်း ခေါင်းလျှော်ပြီး ချိန်မှာ ဆံပင်ပျော့ဆေး၊ ပေါင်းဆေးတွေ မသုံးဘဲပန်းသီး ရှာလးချပေး လိုက်ပြီးနှစ်မိ လောက် ထား ကာ ရေအေးနဲ့ပြန် ဆေးချ လိုက် ပါ ။

ဆံသားက ချက်ချင်း တောက်ပြောင်သွားပြီး တဖြည်းဖြည်းထူ လာတာကို တွေ့ရပါ လိမ့် မယ် ။

နောက်နည်းလမ်းတစ်ခုကတော့ ဆီးဖြူသီးကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ကာ ရလာတဲ့ အမှုန့်ကိုအုန်းဆီ နဲ့ရောနှပ် ထား ပါ။

ဆီးဖြူသီးမှုန့်ထည့်ပြီး နှပ်ထားတဲ့ အုန်းဆီကို ဦးရေပြားအနှံ့ရွှဲနေအောင် လိမ်းပြီး တဘက်လေး နဲ့ပေါင်းထား လိုက်ပါ ။

နာရီ ဝက်ကြာရင် ခေါင်းလျှော်ပါ။ ဒီနည်းကလည်း ဆံပင်မြန်မြန် ထူ ချင်တဲ့ သူတွေ အတွက် အေ ထာက် အကူဖြစ်မှာ သေ ချာ ပါ တယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners