ကမ္ဘာ့ အသက်ကြီး ဆုံးဝက် ၂၃ နှစ် နဲ့ ဂင်းနစ် စံချိန်တင်

ကမ္ဘာ့ အသက်ကြီး ဆုံးဝက် ၂၃ နှစ် နဲ့ ဂင်းနစ် စံချိန်တင်
မောင်ယဿ ( သြဂုတ် ၁၁ )

အမေရိကန် အီလီနွိုက်ပြည်နယ်က ဝက်တစ်ကောင်က မနေ့က အသက် ၂၃ နှစ်ပြည့်ပြီ ဖြစ်လို့ ကမ္ဘာ့ အသက်အကြီး ဆုံး ဝက် အဖြစ် ဂင်းနစ် စံချိန်တင်ခဲ့ပါတယ်။

မန်ဒလိန်မြို့ က ပက်ထရစ် ကန်နင်ဂန်နဲ့ စတန်ကော့ဖ်မန်း တို့က ဗာဂျီးနီးယားက တိရိစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့ ကနေ ၈ပတ်သား အရွယ် ဝက်မလေး တစ်ကောင်ကို မွေးစားခဲ့ပါတယ်။

သူတို့က အဲ့ဒိဝက်မပေါက် ကလေး ကို ဘေဘီဂျိန်းလို့ နာမည်ပေးထားခဲ့ ပါ တယ်။ တိတိကျကျ ပြောရရင် ဘေဘီဂျိန်းက ၂၃ နှစ်နဲ့ ၇၇ ရက် ရှိနေပါပြီ။

သူမကို ဂင်းနစ်စံချိန် မှာ မှတ်တမ်းတင်လို့ ရနိုင်တယ်လို့ မိတ်ဆွေ သူငယ်ချင်တွေက ပြောလို့ စံချိန်ယူတဲ့ အဖွဲ့ကို သူတို့ကဖိတ်ကြားပြီး ဘေဘီဂျိန်းရဲ့ အကြောင်း ကိုပြော ပြခဲ့ပါတယ်။

စံချိန်ယူတဲ့ အဖွဲ့တွေ ကလည်း မှတ်တမ်း မှတ်ရာတွေ ကို စစ်ဆေးပြီး နောက်မှာ တော့ ဘေဘီဂျိန်းကို ကမ္ဘာ့ အသက် အကြီးဆုံး ဝက် အဖြစ် မှတ်တမ်းပြု ခဲ့ပါတယ်။

ဘေဘီဂျိန်းက အဲ့ဒိမိသားစုမှာ ၁၂ နှစ်အရွယ် လူကလေး ၂ယောက်နဲ့ ၂၀၀၄ ခုနှစ်က ရောက်လာတဲ့ လူစီဆိုတဲ့ မျိုးတူ ဝက်တစ်ကောင်နဲ့ အတူနေပါတယ်။

“ လူစီကိုတော့ ဘေဘီဂျိန်း အဖော်ရ အောင်လို့ ခေါ်မွေးထား တာပါ။ ၂ကောင်လုံး က ဝက်မတွေပါ။ သူတို့ ၂ကောင်က တည့်ပါတယ်။ အတူတူသွားလာ စားသောက် ကြပါတယ်” ဝက်ကို အချစ်တော်အိမ်မွေး အဖြစ်မွေးထားတဲ့ ကန်နင်ဂန်က ဂင်နစ်စံချိန်အဖွဲ့ ကို ရှင်း ပြပါတယ်။

ဘေဘီဂျိန်းက ဝက်တစ်ကောင်ထက် ကလေးတစ်ယောက်လိုပဲ နေပါတယ်။ အသန့်အပြန့် ကြိုက်ပြီး လူ အိပ်ခန်းထဲမှာ ပဲ အိပ်ပါတယ်။

အိပ်ရာဘေးမှာ သူ့အတွက် အိပ်ရာတစ်ခုထားပေးထားပြီး အဲ့ဒိမှာ ခေါင်းအုံးနဲ့ ည ဆိုရင် အသေအချာ အိပ်ပါတယ်။ လူနဲ့တူတဲ့ ဝက်မလေး ဆိုရင် မများဘူးလို့ ပိုင်ရှင်တွေက ဆိုပါတယ်။

“ အခုဆိုရင် မြို့ထဲက လူတွေတောင် သူမကို လာလာ ကြည့်ကြတယ်။ ကမ္ဘာ့ အသက်ကြီးဆုံး ဝက်ဆိုတော့ အထူးအဆန်းဖြစ်ပြီး လူသိများ ကျော်ကြားလာတာပေါ့။

လူတွေက သူ့အတွက် အစားအသောက် လက်ဆောင်တွေတောင် ယူလာပေးကြတယ်။

ကျနော်တို့ က နောက် တစ်နှစ်လောက်အထိ သူ့အတွက် အစာခြောက်တွေ ပူစရာမလို လောက်အောင်ကို အများ ကြီး ဖြစ်သွား ပါတယ်” လို့ ကန်နင်ဂန် က ဆိုပါတယ်။

REF: UPI
Photo: UPI