ရှားရှား ပါးပါး ဝက်ဆီဖတ်ကြော်နည်းလေ၏

ပြုလုပ်နည်း

ဝက်သားကို အသားတွေနဲနဲလှီးဖယ်(အသားနဲ့မှ ကြိုက်ရင်မဖယ်နဲ့/ ရောင်းတန်းတွေကဖယ်ကြတယ် အသားပါလေရာသာပါတယ်)

ပြီး အဆီသီးသန့် အနေတော်တုံးထား၊ကြက်သွန်​ဖြူနံနံပင်အမြစ် အသားမှုန့် ငရုတ်ကောင်းမှုန့်ကို ရောထောင်းပြီး၊ဇလုံတခုထဲမှာ ဝက်ဆီဖတ်တွေရယ်၊

ခရုဆီနည်းနည်းထည့်မယ်၊ ပဲငံပြာရည်အကြည်နည်းနည်းထည့်မယ်၊ ယိုးဒယားမယ် အကြော်မှုန့်နည်းနည်းရယ်၊ အပေါ်ကထောင်းထားတာတွေရယ် အကုန်လုံးထည့်နယ်ပြီး တစ်နာရီခန့် အဆီထဲစိမ့်ဝင်သွား​အောင် နှပ်ထားမယ်။

ရပြီဆို မီးအလယ်အလတ်နဲ့ဖြည်းဖြည်းချင်းကြော်မယ်။မီးအားများရင် တူးမယ်။ ဆီပေါက်မယ်နော်။

သကြားထည့်ချင်လည်းရတယ်နော် သကြားထည့်ရင် သူကအသားမကျက်သေးဘဲမဲသွားတတ်တာမို့ မီးမပြင်းဖိုကို့ ဂရုစိုက်ရပါမယ်။

ပါဝင်အချိုးအစားအတိအကျမရေးပေးတာက ကိုယ်ကြော်ချင်တဲ့ ဝက်သားအချိန်အဆပေါ်မူတည်ပြီး ထည့်မယ့်အဆာပလာ လက်ဆမှန်းတတ်အောင်လို့ပါ။

recipes အတိအကျ ထည့်ရင်ချက်ပြုတ်ရဘောင်ကျဉ်းပီးမှတ်သားရရှုတ်ပါတယ်ဗျ

ဝက်သား၃ထပ်သားအကြွပ်ကြော်ကြော်နည်း

(၁) ရေနွေးဆူအောင်တည်ထားပါ။ သကြားအနည်းငယ်နဲ့ ပဲငံပြာရည်(အကြည်)ထည့်ပြီး ဝကျသား ၃ထပ်သားကို ၅မိနစ်ခန့် ပြုတ်ပါ။

(၂) ဝကျသားကို ဆယ်ယူပြီး အခေါက်ဘက်ကို ဇွန်းခရင်းဖြင့် နေရာအနှံ့ကို ထိုးဆွထားပါ။

(၃) ရှာလကာရေ၊ ဆားအနည်းငယ်တို့ကို အခေါက်ထဲစိမ့်ဝင်နေအောင် ပွတ်လိမ်းပေးထားပါ။

(၄) ငှက်ပျောရွက် သို့ ဖက်ရွက်ပေါ်တင်ပြီး နေပူထဲ ၅မိနစ်ခန့် လှန်းထားပေးပါ။

(၅) အခေါက်ပေါ်ကနေ အသားအထိ ၃ကြောင်းခန့် ဓါးဖြင့်လှီးထားပါ။ အကုန်မပြတ်စေပဲ ထက်ဝက်သာ လှီးပါ။

(၆) ဆီကို ပူနေအောင်တည်ထားပြီးမှ ၃ထပ်သားကို ထည့်ကြော်ပါ။ အပေါ်အောက် အကျက်ညီအောင် လှန်ပေးပါ။

(၇) အနေတော်လေးကျက်ရင် ဆယ်ပြီး အအေးခံထားပြီးမှ ကိုယ်လိုသလောက်အတုံးလေးနဲ့ လှီးဖြတ်ပြီး သုံးဆောင်လို့ ရပါပြီနော်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners