အသက် (၁၈) နှစ်မှ (၂၆) နှစ်အတွင်း ကျွန်တော့်ရဲ့ ငွေရှာနည်း ၊ ငွေစုနည်း

ငွေစုရတာဟာ ငွေရှာရတာထက် ပိုခက်ပါတယ် … ငွေစုရတာဟာ ပညာပါပဲ …

မိမိငွေကို သူများလက်ထဲ ဘယ်တော့မှ မထားပါနဲ့ …

ချမ်းသာချင်ရင် စုဗူးနဲ့စုပါ … သောကရောက်ချင်ရင် “ စုမဲ “ စုပါ …

စားသမျှ ချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ … လူတန်းစေ့မနေနိုင်ခင် … လူတန်းစေ့မစားချငိပါနဲ့ … အဟာရဖြစ်အောင် ကျန်းမာအောင်ပဲ စားပါ …

ထမင်းနှပ်မှန်အောင် စားရဖို့ ကြိုးစားနေတဲ့ အချိန် … အကောင်းဆုံးအလှကုန်တွေသုံးဖို့ မစဉ်းစားပါနဲ့ …

လူတစ်ယောက် အသက်ရှင်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ထဲမှာ ( စား ၊ ဝတ် ၊ နေ ) ရေးပဲ ပါပါတယ် ….

မအောင်မြင်ခင် မလှချင်ပါနဲ့အုံး … အောင်မြင်လာရင် လှလာပါလိမ့်မယ် … ( မယုံရင် ယနေ့အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ)

အိပ်တယ်ဆိုတာ သေခြင်းတစ်မျိုးပါပဲ … အသက်(၆၀) မှာ သေသွားရင် သင်တကယ်အသက်ရှင်တာ အသက်(၄၀) ပဲရှိပါတယ် သင့်အသက်ရှင်အချိန်ရဲ့ (၃)ပုံ (၁)ပုံဟာ အိပ်ယာထဲမှာ ကုန်ဆုံးသွားတယ်ဆိုတာ သတိထားမိပြီလား …

သူများ မနေနိုင်သလို နေနိုင်ချင်ရင် သူများမစားရသလို စားရချင်ရင် … သူများအိပ်နေတဲ့အချိန် သင်အိပ်နေသမျှတော့ … သူများနဲ့ တန်းတူပဲ ဖြစ်နေအုံးမှာပါပဲ …

သူများ ဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့ … ကိုယ်လမ်းကို ဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ … ဒါဆို ဘယ်တော့မှ ဘေးမရောက်ဘူးဆိုတာ မှတ်ထားပါ …

ကိုယ်ဖောက်ထားတဲ့လမ်းကို သူများလျှောက်တဲ့ခါ ရန်မလုပ်ပါနဲ့ အရှက်မခွဲပါနဲ့ ဒါဟာ ဂုဏ်ယူစရာဆိုတာ သိထားပါ …

စိတ်ဓာတ်ကို မြင့်မြင့်မားမားထားပါ … စိတ်ထားဆိုတာ “ မြင့်မှမြတ် “ တာပါ …

ဘာပဲ လုပ်လုပ် အဆင်ပြေချင်ရင် “ စေတနာ” လေးထားပြီးလုပ် … အကျိုးအမြတ်ကို ရှေ့တန်းတင်နေသမျှ သင်ဘယ်တော့မှ မကြီးပွါးဘူးဆိုတာ စိတ်ချ …

“ထောင်” မြင်ရင် “ရာ”စွန့်ရမယ် … သေးငယ်တဲ့ လိုအင်ဆန္ဒတွေကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေကို အပျက်စီးမခံပါနဲ့ …

အသေးဖွဲ့ကိစ္စလေးတွေ အဆင်မပြေတာကြောင့် စိတ်သောကအရောက်မခံနဲ့အချိန်ကုန်မခံနဲ့ စွန့်လွှတ်သင့်တာ ရဲရဲကြီး စွန့်လွှတ်တတ်ပါစေ …အိမ်မပိုင်သေးဘဲ ကားဝယ်မစီးပါနဲ့ ….

ကားက ဘာနဲ့သွားသွား လိုရာခရီးရောက်ရင်ပြီးတာပါပဲ … ( လူဇိမ်မခံနိုင်သေးခင် ဖင်စိမ်မခံချင်ပါနဲ့ )

နေစရာရှိရင် စားဖို့ပူစရာမလိုဘူး “လူမသေငွေမရှားပါ “

ကိုယ်ပိုင်ကားမစီးနိုင်သေးခင် … IPhone ဝယ်မကိုင်ချင်ပါနဲ့ … ( IPhone ၄လုံးဆို ကားတစ်စီးဝယ်လို့ရပြီနော် )

I phone မကိုင်နိုင်တာ ရှက်စရာမဟုတ်သလို … IPhone က ဘဝတွက် မဖြစ်မနေ လိုအပ်တဲ့အရာ မဟုတ်ဘူးလေ …

“ ရတနာ” မစုဆောင်းနိုင်ခင်မှာ Branded တွေကိူ မကိုင်ချင်ပါနဲ့ …

“ ရတနာ “ ဆိုတာ “ ရှိ တန်ဆာ “ “ မရှိ ဝမ်းဆာ “ အချိန်မရွေး ငွေ ဖော်ရလွယ်တယ်ဆိုတာ မမေ့ပါနဲ့ …

မိဘကို လက်ဝတ်ရတနာ မဆင်မြန်းနိုင်သေးခင် ကိုယ်တိုင် မဝတ်ဆင်ပါနဲ့ …( သိပ်ကို ရှက်စရာကောင်းပါတယ် )

လူအထင်ကြီး ခံရဖို့ အပင်ပန်းခံ မကြိုးစားပါနဲ့ …( ကိုယ့်မရှိရင် ဘယ်သူမှ ဆန်တစ်လုံးလာမပေးပါဘူး )

လူတွေလေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစားပြလိုက်စမ်းပါ …


လက်ညှိုးထိုးတာ သူ့အလုပ်

လက်မထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ်

သင့်မှာ အချိန်များကြီး ရှိပါသေးတယ် ( နောက်ဆုံးအချိန်ထိ ကြိုးစားပိုင်ခွင့်ရှိတယ် ) …

မိတ်ဆွေ အကောင်းဆုံးချိန်ဆိုတာ “ဒီအချိန်” ပါပဲ ချက်ချင်း ပြောင်းလဲလိုက်ပါ …


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners