
ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ( ၇ ) ယောက် ရှိဖို့လိုတယ်လို့ တလွဲအတွေးတွေနဲ့ ကြားဖူးနားဝ ရှိခဲ့တာကို ဗဟုသုတအနေနဲ့ တင်ပါရစေ…
” ယောဒေသမှာ ရွာသစ်တစ်ရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် ” တဲ့လား
ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ။
စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြား။ တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း စေ့စေ့ငင ဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။
မိမိလက်လှမ်းမီသလောက်ရှာဖွေကြည်တော့ရွာတစ်ရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်က…
စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ
( စုန္နောတိ ဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး )
ဋီကာကျမ်း
ထို ခုနှစ်ဦးမှာ
( ၁ )မြေပညာရှင်
ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာကို သိရှိကျွမ်းကျင်သူ
(၂)ရေပညာရှင်
သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရကို သိရှိကျွမ်းကျင်သူ
(၃)လေပညာရှင်
လေကြောင်း သင့်မသင့် လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝကို ကျွမ်းကျင်ပါးနပ်သူ
(၄) စီးပွါးရေးပညာရှင်
(၅)ပညာရေး စီမံနိုင်သူ
(၆)ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ
(၇)ဆက်သွယ်ရေး ကျွမ်းကျင်သူ
ရွာတည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက် ဆက်သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကိုသိသောသူအစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။
ယခုစာကိုဖတ်မိသူ မိတ်ဆွေအနေနဲ့ကျွန်တော် မှတ်သားမိသမျှလေးတွေ ပြန်ဝေမျှတာပါခင်ဗျ။
Ref; -အရှင်စန္ဒကုမာရ ( ရွှေတြိဂံ )
-ဋီကာကျမ်း
Post from Thein Kha