ပေါင်းဖော်အပ်တဲ့ သူငယ်ချင်းကောင်း ( ၄ ) မျိုး

၁ ။ ကူညီတတ်တဲ့ သူငယ်ချင်း

သင် ထိခိုက် ၊ နာကျင် နေချိန်မှာ ကာကွယ်ပေးတယ် ။ သင် ကြောက်နေချိန်မှာ လုံခြုံ ၊ နွေးထွေးမှု ပေးတယ် ။ သင် ဘယ်လို အခက်အခဲမျိုး နဲ့ ကြုံနေချိန်ဖြစ်ပါစေ ၊ ငါ ပြန်ရဖို့မမျှော်ကိုးပဲ အမြဲအကူအညီပေး တတ်တယ် ။


၂ ။ မြဲမြံတဲ့သူငယ်ချင်း

သင့် လျှို့ဝှက်ချက်တွေ ကို ၊ သူ့ရဲ့ ကိုယ်ပိုင် လျို့ဝှက်ချက်တွေ လိုပဲ လုံခြုံအောင် ထိန်းသိမ်း ပေးတယ် ။ သင် ဆင်းရဲ ၊ ဒုက္ခ နဲ့ ကြုံနေချိန်မှာလည်း သင့်ကို မနှိမ့်ချဘူး ၊ စွန့်ခွာမသွားဘူး ။

သင့်ဘဝရဲ့ အနိမ့်အမြင့် ၊ အတက်အကျတိုင်းကို သင် နဲ့ အတူ ရင်ဆိုင် ၊ ဖြတ်သန်းပေးတတ်တယ် ။

၃ ။ အကြံဉာဏ် ပေးတတ်တဲ့ သူငယ်ချင်း

သင် မကောင်းတာတွေလုပ်တဲ့အခါ တားမြစ်ပြီး ၊ ကောင်းတာတွေလုပ်ဖို့ အကြံဉာဏ်ပေးတတ်တယ် သင် သိသင့်တဲ့အရာတွေကို ပြောပြသလို ၊ သင် သွားသင့်တဲ့နေရာကို လမ်းညွှန်ပြသပေးတယ်။

သင့်အပေါ် ဆရာသမားတစ်ယောက်လို၊ မိဘလိုမျိုး ချစ်ခြင်းမေတ္တာ ၊ ကြင်နာမှုတွေ နဲ့ စိတ်ရှည်ရှည် သင်ကြားပေးတတ်သူ ဖြစ်ပါတယ်။


၄ ။ စာနာထောက်ထား ၊ ကြင်နာတတ်တဲ့ သူငယ်ချင်း

သင် ကံဆိုးနေတဲ့အခါ ၊ မပျော်ရွှင်ပဲ ခံစားပေးတတ်ပြီး ၊ သင် ကံကောင်းနေတဲ့အခါ ကျေနပ် ၊ ဝမ်းသာ ပေးတတ်တယ် ။တခြားသူတွေက သင့် အကြောင်း မကောင်းပြောနေတဲ့အခါ ကာကွယ်ပေးပြီး ၊

သင့်ရဲ့ ကောင်းကွက်တွေကို ပြောပေးတတ်တယ် ။ သင့် အတွက် ချစ်ခြင်းမေတ္တာ ၊ ချီးမွမ်းစကားတွေနဲ့ ပျော်ရွှင်မှုတွေပဲပေးပြီး ၊ သင့်ခက်ခဲ ချိန်တိုင်း သင့်လက်ကိုတွဲပြီး ဖြတ်သန်းတတ်တယ် ။

ဒီလို သူငယ်ချင်း ( ၄ )မျိုးက ဘဝမှာ….

” ပေါင်းသင်းအပ်တယ် “လို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြား တော်မူခဲ့ပါတယ် ။

Credit: Khin San Htay