
အသားအရေ လှတယ်ဆိုတာ တကယ့်ကို မိန်းကလေးတွေတင်မက ယောင်္ကျားလေးတွေမှာပါ သဘောကျရတဲ့ အချက် တစ်ခုပါပဲ။ အသားအရေ လှပဖို့အတွက် ဗီတာမင်တွေ စားသုံးရတာ၊ skincare ပစ္စည်းတွေ သုံးရတာ၊ အလှပြင်ဆိုင်မှာ အချိန်အများကြီး ကုန်ဆုံးရတာမျိုးတွေနဲ့ ငွေကြေးကုန်ကျမှုတွေ ရှိနေပါတယ်။
ဒါပေမယ့်လည်း ငွေကြေးကုန်ကျမှု လုံးဝ မရှိဘဲနဲ့ သင့်အသားအရေကို ကြည်လင် ဝင်းမွတ်ပြီး လှပနေအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးလည်း ရှိပါတယ်။ လိုအပ်တာကတော့ ရေခဲတုံးလေးတွေပါပဲ။ ရေခဲတုံးလေးတွေနဲ့ မျက်နှာကို ပွတ်တိုက်ပေးမယ်ဆိုရင် ဒီလို အံ့မခန်းတဲ့ ကောင်းကျိုးတွေ ရလာမှာပါနော်။
Glow စေတယ်
အသားအရေလေးက ကြည်လင်ရုံသာမက လက်လက်ကလေး ဖြစ်နေတာမျိုးကို ငွေကြေး အကုန်အကျ ခံမှ ရနိုင်တာမျိုး မဟုတ်ပါဘူး။ မျက်နှာကို ရေခဲတုံးလေးနဲ့ ပွတ်ပေးရင်လည်း ရပါတယ်။ ဒီနည်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေကို လင်းလက်လာစေနိုင်ပါတယ်။
Skincare ပစ္စည်းတွေရဲ့ အာနိသင်ကို ပိုကောင်းစေတယ်
ဘယ်လောက်ပဲ skincare ပစ္စည်းတွေ သုံးနေပါစေ၊ အသားအရေက ထူးခြားမလာရင် သင့်အသားအရေက ပြဿနာ တစ်ခုခု ရှိနေတာပါပဲ။ ဒီအတွက် ရေခဲတုံးလေးနဲ့သာ ပွတ်ပေးမယ်ဆိုရင် သင့်အသားအရေက skincare ပစ္စည်းရဲ့ အာနိသင်တွေကို စုတ်ယူနိုင်စွမ်း ပိုပြီး ကောင်းမွန်လာစေနိုင်ပါတယ်။
အမဲစက်တွေကို ဖယ်ရှားပေးတယ်
မျက်နှာပေါ်က ဆဲလ်သေတွေကို အမဲစက်တွေ အဖြစ် တွေ့ရတာကလည်း တကယ့်ကို စိတ်ညစ်စရာပါ။ ဒါပေမယ့်လည်း နေ့တိုင်း ပုံမှန် ရေခဲတုံးလေးနဲ့သာ မှန်မှန် ပွတ်တိုက်ပေးမယ်ဆိုရင် အမဲစက်တွေ သိသိသာသာ လျော့နည်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဝက်ခြံတွေလည်း ကင်းဝေးမယ်
အဆီတွေကြောင့် ဝက်ခြံတွေက ပိုပြီး ဖြစ်ရတာပါ။ ရေခဲတုံးနဲ့ မျက်နှာကို ပွတ်တိုက်ပေးတာက မျက်နှာမှာ ရှိတဲ့ အဆီတွေ ထုတ်လုပ်မှုနှုန်းကို လျော့ကျသွားစေလို့ ဝက်ခြံတွေကလည်း သိသိသာ လျော့နည်းလာဦးမှာပါ။ ဒါ့အပြင် ဝက်ခြံကြောင့် ရောင်ရမ်းနေတာမျိုးတွေကိုပါ သက်သာစေနိုင်ပါတယ်နော်။
ချွေးပေါက်တွေကို ကျဉ်းစေတယ်
အဆီအရမ်း ပြန်တတ်တဲ့သူတွေက မျက်နှာပေါ်မှာ ချွေးပေါက်တွေပါ ကျယ်နေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီအတွက် အစက်အပေါက်တွေ ကင်းဝေးစေဖို့ မျက်နှာ သစ်ပြီးတိုင်းမှာ ရေခဲတုံးလေးနဲ့သာ ပွတ်ပေးရင် သက်သာသွားနိုင်ပါတယ်။
မျက်နှာကို ချောမွေ့စေတယ်
အသားအရေ မကောင်းရင် ဘယ်လောက် ကောင်းတဲ့ မိတ်ကပ်တွေ၊ foundation တွေ လိမ်းပါစေ၊ ချောမွေ့မှုကို ရရှိမှာ မဟုတ်ပါဘူး။ ရေခဲတုံးနဲ့ ပုံမှန် ပွတ်ပေးတဲ့အခါ အသားအရေက ချောမွေ့လာတာမို့ မိတ်ကပ်လိမ်းရင် ပုံမှန်ထက်ကို ပိုပြီး ကြည့်ကောင်းတဲ့ အသွင်အပြင်ကို ရစေပါတယ်။
အရေးအကြောင်း ဖြစ်မှုကို လျော့ကျစေတယ်
ရေခဲနဲ့ မျက်နှာကို ပွတ်တိုက်ပေးတာက အသားအရေကို တင်းရင်းစေပါတယ်။ ဒါကြောင့် အရွယ်ကြောင့် ဖြစ်လာတဲ့ အရေး အကြောင်းတွေ၊ အရွယ်မတိုင်ခင် ဖြစ်လာတဲ့ အရေးအကြောင်းတွေကို ဒီနည်းနဲ့ လျော့ကျအောင် ပြုလုပ်နိုင်ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners