ပိုက်ဆံမရှိတဲ့ လယ်သမားဘဝကနေ ပညာသင်ဆု ဒေါ်လာ ၃၀၀,၀၀၀ ရရှိသွားတဲ့ ကျောင်းသားလေး

ပညာရေးစနစ်တိုးတက်ကောင်းမွန်တဲ့ အမေရိကန်နိုင်ငံမှာ သွားရောက်ပညာသင်ချင်ကြတဲ့ဆန္ဒဟာ ကမ္ဘာ့နေရာတော်တော်များများက ကျောင်းသားတွေရဲ့ အိပ်မက်လို့ဆိုရမှာပါ။

.

ဒါပေမဲ့ ယှဉ်ပြိုင်မှုများလှတဲ့ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ဆိုတာ မလွယ်လှပါဘူး။

.

ဒီလိုနာမည်ကြီးတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသားလေးတစ်ယောက်ကတော့ ဖခင်ရဲ့အလုပ်တွေကိုကူပေးရင်းကျောင်းတက်ခဲ့ရတဲ့ Aldrean Paul Alogon ဆိုတဲ့ လူငယ်လေးပဲဖြစ်ပါတယ်။

.

Aldrean Paul Alogon ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့လယ်ယာလုပ်ငန်းတွေမှာ ကူညီလုပ်ကိုင်ပေးခဲ့ရသူဖြစ်ပြီး အားလပ်ချိန်တွေမှာ စာကိုအဆက်မပြတ်လေ့လာတတ်တဲ့ ထူးချွန်တဲ့ကျောင်းသားလေးလည်းဖြစ်ပါတယ်။

.

အားလပ်ချိန်တိုင်းကိုအလဟဿမနေဘဲ သိပ္ပံပညာနဲ့ စွယ်စုံကျမ်းကိုလေ့လာနေတတ်တဲ့ လူငယ်လေးဟာအထက်တန်းအောင်မြင်ပြီးနောက် အမေရိကန်နိုင်ငံတက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်ရခဲ့တဲ့အပြင် နှစ်စဉ်ပညာသင်ဆုအနေနဲ့ ဒေါ်လာ၃၀၀၀၀၀ကိုလည်း ရရှိဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )

.