
လူတွေဟာအသက်အရွယ်အိုမင်းကြီးပြင်းလာလေလေ တစ်ယောက်တည်းရှင်သန်ရပ်တည်နိုင်စွမ်းလျော့ကျလာလေလေလို့ ဆိုရမှာပါ။
.
ဒါကြောင့် အသက်၈၀ကျော် အဘိုးအဘွားတွေအနေနဲ့ မိသားစုဝင်တွေ ကူညီစောင့်ရှောက်မယ့်သူတွေမရှိဘဲနေထိုင်ဖို့ဆိုတာ အရမ်းကိုခက်လှပါတယ်။
.
ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံက Lolo Feliciano အမည်ရတဲ့ အသက် ၈၈နှစ်အရွယ် အဖိုးအိုတစ်ဦးကတော့ မိသားစုတွေမရှိဘဲ တစ်ယောက်တည်း နေအိမ်အစုတ်လေးထဲမှာနေရင်း ရပ်တည်နေခဲ့ရပါတယ်။
သူဟာ Maab Abacaခရိုင်Ilocos Norteကျေးရွာမှာ တစ်ဦးတည်းနေထိုင်ရသူဖြစ်ပြီး ယိုင်နဲ့နေတဲ့အိမ်ဟောင်းလေးနဲ့ ဘဝနေဝင်ချိန်ကိုဖြတ်သန်းနေရရှာတာပါ။
.
ဒါကို နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့လျှောက်သွားလှည့်လည်ကတဲ့ Bikerလူငယ်လေးများကတွေ့ရှိသွားပြီး ဒီလူငယ်လေးတစ်စုက အဖိုးနေထိုင်ဖို့ အိမ်အသစ်ကို ကိုယ်တိုင်ဒီဇိုင်းဆွဲကာ ဆောက်လုပ်ပေးခဲ့ရုံသာမက အဖိုးရဲ့ စားဝတ်နေရေးကိုလည်း တာဝန်ယူပေးခဲ့ပါတယ်။
.
ဒါ့အပြင်သူတို့ဟာ အဖိုးရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့အတွက်လည်း အပတ်တိုင်း လာရောက်ကြည့်ရှုပေးကြဦးမယ်လို့ သိရပါတယ်။ အရမ်းကိုကြည်နူးစရာပါပဲနော်။
Shwe Yaung Myanmar ( Writer – Lwin Lwin Aung )
.