
တေးဆိုမနောက သူရဲ့မိတ်ဆွေရင်းချာတွေ သေဆုံးသွားကြတဲ့အတွက် မိမိအတွက် အသေမဦးခင် သတိဦးအောင် ဘုန်းကြီးဝတ် ကုသိုလ်ခဲ့ကြောင်း သူ၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားခဲ့သည်။ 8 Days TV
” အို နာ သေ ဘေးပြေးမလွတ် ဘယ်လိုပင်ချမ်းသာပါစေ မလွတ်နိုင် ✍️ ဆင်းရဲလည်းမလွတ်ဘူးပေါ့
.
မိတ်ဆွေအရင်းချာတွေ သေဆုံးတာကြားသိရပြီး သံဝေဂ ရမိတယ် သူတို့ဘာမှမပြင်ဆင်ခဲ့ရပဲ ရုတ်တရက် သေဆုံးခဲ့ရပြီ 😭✍️
.
ကျနော်တို့တွေလည်း ဘယ်နေ့ ဘယ်မှာ ဘယ်လိုသေကြရမလဲဆိုတာကြိုတင်မသိနိုင်ကြဘူးပေါ့ဗျာ ✍️
.
.
ဒါကြောင့် အသေမဦးခင် သတိ ဦးထားသင့်တယ်ပေါ့ ဘဝမှာ အောင်မြင်ဖို့ တိုးတက်ဖို့တွေပဲကြံဆ နေလို့မဖြစ်ဘူး
.
.
မိမိဘဝ နောင်သံသရာအတွက် ကြိုတင်ပြင်ဆင်ထားသင့်
တယ် ငယ်သေးလို့မပြင်ဆင်ထားလျှင် သေခါနီးမှ ကောင်းတဲ့အတွေးတွေကုသိုလ်စိတ်တွေမွေးမြူဖို့မဖြစ်နိုင်တော့ဘူးပေါ့
.
ငယ်တုန်းရသလောက် ကုသိုလ်တွေများများစုထားမှ သေခါနီးမှာ ကောင်းသောနိမိတ်တွေပေါ်လာမယ်ပေါ့ခင်ဗျာ ✍️
ဒါကြောင့် ဒါန သီလ ဘာဝနာ အားလုံးဟာ နိဗ္ဗာန်အထောက်အပံ့တွေဖြစ်လို့ မိမိပြုနိုင်သည့် ကုသိုလ်ကို နေ့စဉ်မပြတ်တမ်း ပြုနိုင်ကြပါစေလို့ဆုခြွေတောင်းရင်း 🙏🙏✍️
ကျွန်တော် မနော ပြုခဲ့သမျှ ကုသိုလ်အားလုံး တေးချစ်သူများ နှင့် (၇)ရက်သား သမီးများ ထပ်တူရပါစေခင်ဗျာ 🙏” လို့ ရေးသားထားခဲ့ပါတယ်။
Photo 📷 Gabar Soe San
.