သာမန်ဝက်ခြံဆိုပြီး သတိမထားမိရာကနေ ကင်ဆာဖြစ်သွားခဲ့တဲ့ အမျိုးသမီး

လောကကြီးမှာ ရတာမလို လိုတာမရ ဆိုသလိုပါပဲ။ အသားဖြူတဲ့သူက ညိုချင်ပြီး အသားညိုတဲ့သူက ဖြူချင်ကြပါတယ်။

အသားဖြူတဲ့ အနောက်တိုင်းသူတွေကတော့ အသားညိုအောင် နေရောင်ခံကြပါတယ်။

နေရောင်ခြည်ခံတဲ့အခါ ဦးနှောက်ထဲမှာ endorphins ဆိုတဲ့ ဟော်မုန်းတမျိုး ထွက်လာတယ် ။

အဲဒီ ဟော်မုန်းက နာကျင်မှုကို သက်သာစေပါတယ်။ ရောဂါပိုးတွေကို ခုခံတဲ့ lymphocytes ဆိုတဲ့ ဆဲလ်လေးတွေကိုလည်း ပိုပြီး အစွမ်းထက်စေပါတယ်တဲ့။

အဲဒါကြောင့်လည်း နေရောင်ခံရတာကို အနောက်တိုင်းသူတွေက နှစ်သက်ကြပါတယ်။

Jude ဆိုတဲ့ အမျိုးသမီးကတော့ အသက် ၁၃ နှစ်အရွယ်ကတည်းက နေရောင်ခံပေးတဲ့ salons တွေကို သွားလေ့ရှိပါတယ်။

Salon တွေကို မသွားဖြစ်တဲ့အခါ တစ်နေ့ကို မိနစ်၂၀ ခန့် နေရောင်ခံပါတယ်။ အဲဒီလို နေရောင်ခံရာကနေ သူမမှာ ကင်ဆာရောဂါ ရလာပါတော့တယ်။

Jude ရဲ့အသက် ၂၆ နှစ်ရောက်တဲ့အခါ နှာခေါင်းမှာ ဝက်ခြံနဲ့တူတဲ့ ရေကြည်ဖုလေးတစ်ဖု ပေါက်လာပါတယ်။

သာမန်ဝက်ခြံပေါက်တယ်လို့ ထင်ပြီး သိပ်ပြီး ဂရုမစိုက်မိ လိုက်ပါဘူး။ Jude က အဲဒီအဖုကို ဝက်ခြံလို့ထင်ပြီး ဖောက်လိုက်ပါတယ်။

နောက်တစ်လကျတော့လည်း ဝက်ခြံက အဲဒီနေရာမှာ ပြန်ပေါက်လာပါတော့တယ်။

ရေကြည်ဖုက ဝက်ခြံထက် ဆိုးလာတာကြောင့် ဒါက ဝက်ခြံ မဟုတ်ကြောင်း Jude သိသွားပါပြီ။

Jude က ဆရာဝန်ဆီကို သွားပြတဲ့အခါ ကင်ဆာလက္ခဏာဖြစ်ကြောင်း သိလိုက်ပါတော့တယ်။

နေရောင်ခံတဲ့အခါ အသုံးပြုတဲ့ အိပ်ရာက သူမကို ကင်ဆာဖြစ်သွားစေလို့ ကျန်တဲ့ မျက်နှာအစိတ်အပိုင်းတွေ မဆုံးရှုံးချင်ရင် နေရောင်ခံတဲ့အခါ သုံးတဲ့အိပ်ရာကို ဖယ်လိုက်ပါလို့ ဆရာဝန်က အကြံပေးပါတယ်။

နေရောင်ခံတဲ့အခါ အသုံးပြုတဲ့ အိပ်ရာတွေမှာ ပါတဲ့ UV တွေက ကင်ဆာဖြစ်နိုင်ချေ အများဆုံးလို့ IARC က ဆိုပါတယ်။

နှာခေါင်းပေါ်က ရေကြည်ဖုကြီးကို ဖယ်ပြီးတဲ့အခါ နှာခေါင်းမှာ ကြောက်စရာကောင်းတဲ့ အပေါက်ကြီးကျန်ခဲ့ပါတယ်။

အဲဒီအပေါက်ကြီးကို လည်ပင်းက အသားကို ယူပြီး အစားထိုးလိုက်ပါတယ်။

Melanoma Research Foundation ကတော့ လူတိုင်းဟာ မွေးလာကတည်းက အသားအရေကို လက်ခံယုံကြည်ပြီး တန်ဖိုးထားသင့်ကြောင်း တိုက်တွန်းထားပါတယ်။

Zombie (Lovemedia)